Home
နိုင်ငံတကာ
အီရန် နျူကလီးယားပစ္စည်းများကို ဖယ်ရှားပေးရန် အသင့်ရှိဟု ရုရှားပြော
DVB
·
June 12, 2025
Photo: Reuters

အမေရိကန်နဲ့ အီရန်အစိုးရတို့က ရုရှားရဲ့အကူအညီကို အသုံးဝင်တယ်လို့ ယူဆရင် ရုရှားက အီရန်ဆီက ပိုလျှံနေတဲ့ နျူကလီးယားပစ္စည်းတွေကို ဖယ်ရှားဖို့ အသင့်ရှိတယ်လို့ ရုရှားသမ္မတနန်းတော် ကရင်မလင်က ဇွန် ၁၁ ရက်မှာ အတည်ပြု ပြောပါတယ်။

ရုရှား ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလ် ရီယတ်ဘ်ကို့ဗ်က ရုရှားအစိုးရဟာ အီရန်ဆီက နျူကလီးယားပစ္စည်းတွေကို ဖယ်ရှားပြီး လောင်စာအဖြစ်ပြောင်းဖို့ ဆန္ဒရှိတယ်လို့ ပြောပါတယ်။

အီရန်ရဲ့ နျူကလီးယားအစီအစဉ်နဲ့ ပတ်သက်ပြီး အီရန်သမ္မတနိုင်ငံနဲ့ အမေရိကန်နိုင်ငံအကြား ကျဉ်းမြောင်းတဲ့ ကွဲပြားမှုတွေ ပြေလည်စေရေး သဘောတူညီချက်ရအောင် ကူညီဖို့ အလားအလာရှိတဲ့ နည်းလမ်းတခုအဖြစ် ဗုဒ္ဓဟူးနေ့အစောပိုင်းက ပြောလိုက်တာပါ။

ကရင်မလင် ပြောရေးဆိုခွင့်ရှိသူ ဒမစ်ထရီ ပဲ့စ်ကို့ဗ်ကလည်း ရုရှားက လိုအပ်ရင် ကူညီဖို့ အသင့်ရှိတယ်လို့ အတည်ပြု ပြောဆိုခဲ့ပါတယ်။

“ကျနော်တို့ဟာ အီရန်နဲ့ အမြဲ အဆက်အသွယ်ရှိနေတယ်။ ဒီကိစ္စနဲ့ပတ်သက်ပြီး ပူတင်နဲ့ ထရမ့်ပ်ကြား နောက်ဆုံး ဖုန်းပြောချိန်က အတိအကျ ဆွေးနွေးခဲ့တယ်ဆိုတာ ခင်ဗျားလည်း သိပါတယ်။ အီရန်နဲ့ အမေရိကန်က လိုအပ်တယ်လို့ ထင်ရင် ရုရှားက ဒီလိုဝန်ဆောင်မှုပေးဖို့ အသင့်ဖြစ်နေမှာပါ” လို့ ပဲ့စ်ကို့ဗ်က ထပ်ပြောခဲ့ပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024