
မြောက်ကိုရီးယားနိုင်ငံဟာ မော်စကိုနဲ့အတူ အမြဲရပ်တည်သွားမှာဖြစ်ကြောင်း မြောက်ကိုရီးယားခေါင်းဆောင် ကင်မ်ဂျုံအန်းက ရုရှားသမ္မတ ဗလာဒီမာပူတင်ဆီ သတင်းစကား ပေးပို့ခဲ့တယ်လို့ နိုင်ငံပိုင်မီဒီယာ KCNA က ဇွန် ၁၂ ရက်မှာ ထုတ်ပြန်ပါတယ်။
ရုရှားနိုင်ငံရဲ့ လွတ်လပ်ရေးနေ့ကို ဂုဏ်ပြုတဲ့ မျိုးချစ်အားလပ်ရက်ဖြစ်တဲ့ ရုရှားနိုင်ငံတော်နေ့ အတွက် ပေးစာတစောင်မှာ ကင်မ်ဂျုံအန်းက ပူတင်ကို သူ့ရဲ့ ချစ်မိတ်ဆွေကြီးလို့ ခေါ်ဆိုခဲ့ပြီး သူတို့ ၂ နိုင်ငံ ဆက်ဆံရေးကိုလည်း ရဲဘော်ရဲဘက်တွေကြားက စစ်မှန်တဲ့ ဆက်ဆံရေးတခုအဖြစ် ချီးမြှောက် ပြောကြားခဲ့တယ်လို့လည်း ဆိုပါတယ်။
“ဒါဟာ မြောက်ကိုရီးယား-ရုရှား ဆက်ဆံရေးကို ခိုင်ခိုင်မာမာ ဆက်လုပ်သွားမယ့် မြောက်ကိုရီးယား အစိုးရရဲ့ မတုန်မလှုပ်တဲ့ဆန္ဒနဲ့ သူ့ရဲ့ ကိုယ်ပိုင်ဆန္ဒဖြစ်တယ်” လို့ ကင်မ်ဂျုံအန်းက ပြောပါတယ်။
ကင်မ်ဂျုံအန်းဟာ ရုရှားနိုင်ငံတော်နေ့မှာ ပူတင်ဆီ ဂုဏ်ပြုလွှာပေးပို့ခဲ့ကြောင်း KCNA က ဇွန် ၁၁ ရက် ထုတ်ပြန်ခဲ့တာပါ။
ယူကရိန်းစစ်ပွဲအတွင်း ရုရှားအတွက် တိုက်ပွဲဝင် မြောက်ကိုရီးယားတပ်ဖွဲ့တွေကို ခေါင်းဆောင် ကင်မ်ဂျုံအန်းရဲ့ အမိန့်အရ စေလွှတ်ခဲ့တာကို လပေါင်းများစွာ နှုတ်ဆိတ်နေခဲ့ပြီးနောက် အခုနှစ်အစောပိုင်းမှာ အဲဒီသတင်းကို ပြုံယမ်းက ပထမဆုံးအကြိမ် အတည်ပြုခဲ့ပါတယ်။
Source: Reuters