
နိုင်ငံတကာဘဏ္ဍာရေးနဲ့ စီးပွားရေးစနစ် တည်ငြိမ်မှုကို ထိန်းသိမ်းဖို့၊ ရင်းနှီးမြှုပ်နှံသူတွေရဲ့ အကျိုးစီးပွားကို ကာကွယ်ပေးရေး၊ တာဝန်ရှိတဲ့ မူဝါဒအစီအမံတွေကို တာဝန်ယူဆောင်ရွက်ဖို့ တရုတ်နိုင်ငံက အမေရိကန်ကို မေ ၁၉ ရက်မှာ တောင်းဆိုခဲ့ပါတယ်။
အမေရိကန်နိုင်ငံရဲ့ တိုးပွားလာတဲ့ ကြွေးမြီတွေနဲ့ ပတ်သက်တဲ့ စိုးရိမ်ချက်တွေကြောင့် အမေရိကန်ကို အကြွေးပေးဖို့ ထိုက်တန်မှုအပေါ် လွတ်လွတ်လပ်လပ် အကဲဖြတ်ရာမှာ မူဒီစ် ဘဏ္ဍာရေးကော်ပိုရေးရှင်းက အဆင့်နှိမ့်ချခဲ့ပါတယ်။
ဒီအချက်နဲ့ပတ်သက်ပြီး သတင်းစာရှင်းလင်းပွဲမှာ မေးမြန်းရာမှာ တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ မော်နင်က ခုလို မှတ်ချက်ပြု ပြောဆိုခဲ့တာပါ။
အကြွေးပေးဖို့ စိတ်ချရမှု အကဲဖြတ်အဆင့် သတ်မှတ်ခြင်းအေဂျင်စီ မူဒီစ်ဟာ မေ ၁၆ ရက်က အမေရိကန်ကို အဆင့်သတ်မှတ်ရာမှာ အေ ၃ လုံး အဆင့်ကနေ ‘Aa1’ အဆင့်ဆီ အဆင့်နှိမ့်ချခဲ့ပါတယ်။
Source: Reuters