
တောင်အာဖရိကနိုင်ငံ Eastern Cape ပြည်နယ်မှာ ရေကြီးမှုကြောင့် သေဆုံးသူ ၄၉ ယောက်အထိ မြင့်တက်လာခဲ့ကြောင်း ပြည်နယ်အကြီးအကဲက ဇွန် ၁၁ ရက်မှာ ပြောကြားခဲ့ပါတယ်။
တောင်အာဖရိကရဲ့ အစိတ်အပိုင်းတွေမှာ သီတင်းပတ်ကုန်ကစပြီး မိုးသည်းထန်စွာ ရွာသွန်းခဲ့သလို ဆီးနှင်းတွေလည်း ကျရောက်ခဲ့ကာ ပြင်းထန်တဲ့ ဆောင်းရာသီ အအေးဒဏ်ကြောင့် လမ်းပန်းဆက်သွယ်ရေးနဲ့ လျှပ်စစ်ဓာတ်အားကွန်ရက်တွေလည်း ပြတ်တောက်နေတာပါ။
အစောပိုင်းက ကျောင်းကားတစီး ရေလွှမ်းမိုးမှုကြောင့် မယ်သာလမ်းအနီးမှာ မျောပါသွားခဲ့ပြီး အဲဒီမော်တော်ယာဉ်မှာ ကျောင်းသား ၁၃ ယောက်နဲ့ လူကြီး ၂ ယောက် လိုက်ပါလာခဲ့ကြောင်း သိရပါတယ်။
Eastern Cape ပြည်နယ်ဝန်ကြီးချုပ် အော်စ်ကာ မာဘူယာနေးက ဘတ်စ်ကားပေါ်က လူ ၆ ယောက် သေဆုံးပြီး ၄ ယောက် ပျောက်ဆုံးနေဆဲဖြစ်ကြောင်း အစီရင်ခံစာ ရရှိထားတယ်လို့ ပြောဆိုပါတယ်။
တောင်အာဖရိကမှာ ရာသီဥတုပြောင်းလဲမှုရဲ့ သက်ရောက်မှုတွေကို ခံစားလာရတာကြောင့် ရေကြီးရေလျှံမှုတွေ ပိုမိုအဖြစ်များပြီး ပြင်းထန်လာပါတယ်။
၂၀၂၂ ခုနှစ် ဧပြီလတုန်းကလည်း အရှေ့ဘက်ကမ်းရိုးတန်းရှိ မုန်တိုင်းတခုကြောင့် လူ ၄၀၀ လောက် သေဆုံးခဲ့ပြီး ထောင်နဲ့ချီတဲ့လူတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
Source: Reuters