Home
နိုင်ငံတကာ
ဂါဇာတွင် အစ္စရေး တိုက်ခိုက်မှုကြောင့် ပါလက်စတိုင်း အယောက် ၆၀ ထက်မနည်း သေဆုံး
DVB
·
June 11, 2025
Photo: Reuters

ဂါဇာကမ်းမြောင်ဒေသမှာ ဇွန် ၉ ရက်က အစ္စရေးတပ်ဖွဲ့ဝင်တွေ တိုက်ခိုက်လို့ ပါလက်စတိုင်းလူမျိုး အယောက် ၆၀ ထက်မနည်း သေဆုံးခဲ့ပါတယ်။

ရာဖာမြို့တောင်ပိုင်းက အမေရိကန် ကျောထောက်နောက်ခံပြု ဂါဇာ လူသားချင်း စာနာထောက်ထားမှု ဖောင်ဒေးရှင်း (GHF) ရဲ့ အကူအညီပေးရေးစင်တာနားမှာ လူ ၁၄ ယောက်ထက်မနည်း သေဆုံးခဲ့ပါတယ်။

ဆွီဒင်တက်ကြွလှုပ်ရှားသူ ဂရီတာ သန်းဘာ့ဂ်နဲ့ အယ်လ်ဂျားဇီးယား သတင်းထောက် အိုမာ ဖေးယဒ် အပါအဝင် လူသားချင်းစာနာမှု အကူအညီပေးရေး သင်္ဘော မဒ်လဲင်းက အမှုထမ်း ၁၂ ယောက်ကို အစ္စရေးက ထိန်းသိမ်းထားတယ်လို့ သူတို့ရဲ့ရှေ့နေက အယ်လ်ဂျာဇီးယား သတင်းဌာနကို ပြောပါတယ်။

ဒီသင်္ဘောဟာ ဂါဇာကမ်းမြောင်ဒေသမှာ အစ္စရေးရဲ့ တရားမဝင် ပိတ်ဆို့ထားမှုကို ချိုးဖျက်ဖို့ ရည်ရွယ်ထားတာပါ။

ဒါပေမဲ့ ဂါဇာကမ်းရိုးတန်းကနေ ရေမိုင် ၁၀၀ လောက်အကွာ နိုင်ငံတကာရေပိုင်နက်မှာ အစ္စရေးကွန်မန်ဒိုတွေက သင်္ဘောကို သိမ်းပိုက်ခဲ့ပါတယ်။

ဂါဇာမှာ အစ္စရေးနဲ့ စစ်ပွဲကြောင့် ပါလက်စတိုင်း ၅၄,၉၂၇ ယောက်ထက်မနည်း သေဆုံးပြီး ၁၂၆,၆၁၅ ယောက် ဒဏ်ရာရခဲ့တယ်လို့ ဂါဇာကျန်းမာရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

၂၀၂၃ ခုနှစ် အောက်တိုဘာ ၇ ရက်မှာ ဟားမတ်စ် ဦးဆောင်ပြီး အစ္စရေးကို တိုက်ခိုက်မှုအတွင်း အစ္စရေးမှာ ခန့်မှန်းခြေ လူပေါင်း ၁,၁၃၉ ယောက် သေဆုံးခဲ့ပြီး ၂၀၀ ကျော် ဓားစာခံအဖြစ် ဖမ်းဆီးခံခဲ့ရပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024