
အမေရိကန်နိုင်ငံ ကယ်လီဖိုးနီးယားပြည်နယ်၊ ဗန်ကျူရာမြို့က ဆောက်လုပ်ရေး လုပ်ငန်းခွင်တခုနားမှာ မေ ၂၉ ရက်က တွင်းနက်ကြီးတခု ဖြစ်သွားခဲ့ပါတယ်။
ဝေဟင်ကနေ ရိုက်ကူးထားတဲ့ ရုပ်သံထဲမှာ တွင်းထဲမှာ ကားအများအပြားရှိနေပြီး အနီးအနားက ပစ္စည်းတွေလည်း အန္တရာယ်ရှိနေခဲ့တာကို တွေ့ရပါတယ်။
ယာယီဆောက်လုပ်ရေး ကျားကန်ထားတဲ့ဒေါက်တွေ ပြိုကျခဲ့တယ်လို့ တာဝန်ရှိသူတွေက ပြောပြီး ကြိုတင်ကာကွယ်တဲ့အနေနဲ့ အနီးအနားက အဆောက်အအုံ ၂ ခုကို အနီရောင်အဆင့် သတ်မှတ်ထားပါတယ်။ ထိခိုက်ဒဏ်ရာရသူတော့ မရှိပါဘူး။
ဝန်ထမ်းတွေက ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်ဖို့နဲ့ ပြုပြင်ရေးအစီအစဉ်တွေ ရေးဆွဲဖို့ အင်ဂျင်နီယာတွေနဲ့ ပူးပေါင်းဆောင်ရွက်နေပါတယ်။
Source: Reuters