
အမေရိကန်သံမဏိကုမ္ပဏီ (US Steel)ဟာ အမေရိကန်မှာပဲ ဆက်ရှိနေမှာဖြစ်ကြောင်း အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ်က ပြောပါတယ်။
ထရမ့်ပ်က သောကြာနေ့မှာ အမေရိကန် Steel XN နဲ့ ဂျပန်နိုင်ငံရဲ့ နီပွန်စတီး ၅၄၀၁ တို့ကို ပူးပေါင်းဆောင်ရွက်မယ့် သဘောတူညီမှုရထားကြောင်း ကြေညာခဲ့ပါတယ်။
ဒီပူးပေါင်းမှု သဘောတူညီတာက ပစ်စ်ဘတ်မှာ ရုံးချုပ်ရှိတဲ့ US Steel ကုမ္ပဏီဟာ အမေရိကန်မှာပဲ ဆက်ရှိနေမှာဖြစ်ပါတယ်။
ထရမ့်ပ်က “အမေရိကန်သံလုပ်ငန်းနဲ့ နီပွန်သံလုပ်ငန်းတို့ကြား ပူးပေါင်းဆောင်ရွက်မဲ့ အစီအစဉ်ရှိပါတယ်။ ဒီအစီအစဉ်က အလုပ်အကိုင် ၇၀,၀၀၀ ထက်မနည်း ဖန်တီးပေးနိုင်မှာပါ။ အမေရိကန်ရဲ့ စီးပွားရေးကို ဒေါ်လာ ၁၄ ဘီလီယံ ထပ်ပေါင်းပေးမဲ့ လုပ်ငန်းပါ” လို့ ဆိုရှယ်မီဒီယာ Truth မှာ ပို့စ်တင်ထားပါတယ်။
ဂျပန်နဲ့ပူးပေါင်းတဲ့ ဒီလုပ်ငန်းဟာ လာမယ့် ၁၄ လအတွင်းမှာ ရင်းနှီးမြှုပ်နှံမှု ပိုပြီး ကြီးထွားလာမယ်လို့လည်း ထရမ့်ပ်က ပြောထားပါတယ်။
ဒီကြေညာချက် ထွက်လာပြီးမှာ US Steel ရှယ်ယာတွေဟာ ၂၀ ရာခိုင်နှုန်းကျော် တက်လာခဲ့ပါတယ်။
အမေရိကန်ရှိ စတီးကုမ္ပဏီကို ဂျပန်ကုမ္ပဏီက ၂၀၂၃ ခုနှစ် မှာ ဒေါ်လာ ၁၄ ဒသမ ၉ ဘီလီယံနဲ့ ဝယ်ယူဖို့ ကြိုးစားခဲ့ဖူးပါတယ်။
အမေရိကန်ပိုင်ကုမ္ပဏီကို ပြည်ပကို ရောင်းချရမှုကနေ ကာကွယ်ဖို့ ဂျပန်ဝန်ကြီးချုပ် အီရှီဘနဲ့ အိမ်ဖြူတော် တွေ့ဆုံချိန်တုန်းက ဝယ်ယူမှု အစားကြီးမားတဲ့ ရင်းနှီးမြှုပ်နှံမှု ပြုလုပ်မယ့် အကြောင်း ထရမ့်ပ်က ပြောခဲ့ဖူးပါတယ်။
Source:Reuters