
ရန်ကုန်တိုင်း၊ ကျောက်တံတားမြို့နယ်ထဲမှာ အပြင်ထွက်တဲ့ လူငယ် ၂ ယောက်ကို စစ်ကောင်စီတပ်က သေနတ်နဲ့ လိုက်လံပစ်ခတ် ဖမ်းဆီးခဲ့ပေမဲ့ လွတ်မြောက်သွားတယ်လို့ မျက်မြင်တွေ့ရှိခဲ့သူတွေဆီကနေ သိရပါတယ်။
ကားနဲ့ကင်းပတ်နေတဲ့ စစ်သားတွေက သေနတ်နဲ့ ပစ်ခတ်ဖမ်းဆီးခဲ့ပေမဲ့ ထွက်ပြေး လွတ်မြောက်သွားတယ်လို့ ဆိုပါတယ်။
မျက်မြင်တွေ့သူတယောက် “ကျောက်တံတားမြို့နယ် ၁ ရပ်ကွက် ဗိုလ်ချုပ်အောင်ဆန်းလမ်းနဲ့ ၃၄ လမ်းမှာ ကားပေါ်ကဆင်းပြီး သေနတ်နဲ့လိုက်ပစ်တာ။ ကံကောင်းလို့ လွတ်သွားတာ” လို့ ပြောပါတယ်။
လူငယ်တွေအနေနဲ့ ခုကာလမှာ အပြင်မထွက်သင့်တော့ကြောင်း၊ ကင်းပတ်တာနဲ့ မတူဘဲ စစ်ကြောင်းထိုးနေသလိုဖြစ်ပြီး မသင်္ကာတာနဲ့ အမေးအမြန်းမရှိ ကားပေါ်တင်သွားတာလို့ ဆိုပါတယ်။