
ဆိုမာလီနိုင်ငံမြို့တော် မိုဂါဒစ်ရှူးက ဒါမာညို စစ်တပ်အခြေစိုက်စခန်းမှာ မေ ၁၈ ရက်က မှတ်ပုံတင် စာရင်းသွင်းနေတဲ့ လူငယ်စစ်မှုထမ်း လူတန်းရှည်ကို ပစ်မှတ်ထားပြီး အသေခံ ဗုံးခွဲခံရလို့ လူ ၁၀ ယောက်ထက်မနည်း သေဆုံးခဲ့တယ်လို့ မျက်မြင်သက်သေတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
တိုက်ခိုက်သူက ဖောက်ခွဲရေးပစ္စည်းတွေကို ဖောက်ခွဲချိန်မှာ ဆယ်ကျော်သက်တွေက စစ်စခန်း ဝင်ပေါက်မှာ တန်းစီနေခဲ့တာလို့ မျက်မြင်သက်သေတွေက ပြောပါတယ်။
ပေါက်ကွဲတဲ့နေရာကနေ ဒဏ်ရာရသူ အယောက် ၃၀ လောက်ကို လက်ခံရရှိထားပြီး သူတို့ထဲက ၆ ယောက်က ချက်ချင်း သေဆုံးခဲ့တယ်လို့ စစ်ဆေးရုံက ဆေးဘက်ဝန်ထမ်းတွေက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
Source: Reuters