
ပုပ်ရဟန်းမင်းသစ် လီယို-၁၄ ရဲ့ တင်မြှောက်ပွဲမှာ ဂါဇာနဲ့ မြန်မာနိုင်ငံအတွက် ဆုတောင်းပေးခဲ့သလို ယူကရိန်းမှာ တရားမျှတပြီး အဓွန့်ရှည်တဲ့ ငြိမ်းချမ်းရေး ရရှိပါစေကြောင်းလည်း ဆုတောင်းပေးခဲ့ပါတယ်။
“မြန်မာနိုင်ငံမှာ စစ်ပွဲတွေကြောင့် အပြစ်မဲ့လူငယ်တွေရဲ့ အသက်တွေ ဆုံးရှုံးနေရပါတယ်” လို့ ပုပ်ရဟန်းမင်းရဲ့ တရားမှာ ထည့်သွင်းဟောကြားခဲ့တာ ဖြစ်ပါတယ်။
မေ ၁၈ ရက်က စိန့်ပီတာရင်ပြင်မှာ အခမ်းအနားကျင်းပခဲ့ပြီး ရဟန်းမင်း အဆောင်အယောင်တွေ ဖြစ်တဲ့ တံငါသည် လက်စွပ်နဲ့ ပါလီယမ်လို့ ခေါ်တဲ့ သိုးချည်စလွယ်ကို ဆင်ယင်ပေးခဲ့ပါတယ်။
၂၆၇ ဆက်မြောက် ပုပ်ရဟန်းမင်းဖြစ်လာတဲ့ လီယို-၁၄ ဟာ ကျောင်းတော်တွင်း ညီညွတ်ရေးကို ဦးစားပေး ပြောကြားခဲ့ပြီး ဘာသာရေးဝါဒဖြန့်တာ၊ အာဏာကစားပွဲတွေအတွက် နေရာမရှိစေရဘူးလို့ သတိပေးခဲ့ပါတယ်။ ဒါ့အပြင် ကမ္ဘာတလွှားက စစ်ပွဲတွေနဲ့ ပတ်သက်ပြီးလည်း ဆုတောင်းပေးခဲ့ပါတယ်။
ကမ္ဘာ့သယံဇာတွေကို အမြတ်ထုတ်ပြီး အဆင်းရဲဆုံးလူတွေကို ချန်လှပ်ထားတဲ့ စီးပွားရေးစနစ်ကိုလည်း ရဟန်းမင်းက ဝေဖန်ခဲ့ပါတယ်။
တင်မြှောက်ပွဲ မစတင်မီမှာ လီယိုဟာ Popemobile လို့ခေါ်တဲ့ ရဟန်းမင်းစီးတော်ယာဉ်နဲ့ ပရိသတ်ကို လိုက်လံနှုတ်ဆက်ခဲ့ပါတယ်။
အခမ်းအနားကို အမေရိကန်ဒုတိယသမ္မတ ဂျေဒီဗန့်စ်၊ ယူကရိန်းသမ္မတ ဗိုလိုဒီမာ ဇလန်းစကီး အပါအဝင် ကမ္ဘာ့ခေါင်းဆောင်တွေလည်း တက်ရောက်ခဲ့ပါတယ်။
Source: Reuters