
ယူကရိန်းအရှေ့မြောက်ပိုင်းမှာ ခရီးသည်ဘတ်စ်ကားတစီးကို ရုရှားက ဒရုန်းနဲ့တိုက်ခိုက်တာကြောင့် လူ ၉ ယောက် သေဆုံးခဲ့တယ်လို့ ဒေသခံတာဝန်ရှိသူတွေက ပြောပါတယ်။
ဘီလိုပီလီရာမြို့မှာ စနေနေ့မနက် တိုက်ခိုက်မှုအတွင်း လူ ၄ ယောက်လည်း ဒဏ်ရာရခဲ့တယ်လို့ ဆူမီဒေသ စစ်ဘက်အုပ်ချုပ်ရေးက ပြောပါတယ်။
ဒီသတင်းဟာ ၂၀၂၂ ခုနှစ်နောက်ပိုင်း ရုရှားနဲ့ ယူကရိန်းတို့ ပထမဆုံးအကြိမ် ငြိမ်းချမ်းရေးအတွက် ဆွေးနွေးမှုပြုလုပ်ပြီး နာရီပိုင်းအကြာမှာ ထွက်ပေါ်လာတာပါ။
ဆူမီစစ်တပ်အုပ်ချုပ်ရေးက “ယီလိုပီလီရာအနီးမှာ ပုံမှန်ပြေးဆွဲနေတဲ့ ဘတ်စ်ကားကို ရုရုားဒရုန်း က တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ လူ ၉ ဦး သေဆုံးပြီး ၄ ဦး ဒဏ်ရာ ရခဲ့ပါတယ်” လို့ တယ်လီဂရမ်မှာ ဖော်ပြထားပါတယ်။
ရုရှားနိုင်ငံရဲ့ တိုက်ခိုက်မှုဟာ လူမဆန်ကြောင်းလည်း ဆူမီဒေသအကြီးအကဲက ဗွီဒီယိုမက်ဆေ့ ကနေ ပြောကြားခဲ့ပါတယ်။
ဒီသတင်းနဲ့ ပတ်သက်ပြီး ရုရှားစစ်တပ်က မှတ်ချက်ပေးတာမျိုးတော့ မရှိသေးပါဘူး။
မေ ၁၆ ရက် အစ္စတန်ဘူလ်ဆွေးနွေးပွဲမှာ ယူကရိန်းနဲ့ ရုရှားကိုယ်စားလှယ်တို့ဟာ စစ်ပွဲ အဆုံးသတ်ရေးအတွက် ဆုံးဖြတ်ချက် မချရသေးပေမဲ့ စစ်သုံ့ပန်း လဲလှယ်ဖို့ သဘောတူခဲ့ ပါတယ်။ ၂ နိုင်ငံစလုံးက သုံ့ပန်း ၁၀၀၀ ကို လာမယ့်ရက်တွေအတွင်း အပြန်အလှန် လဲလှယ်မှာ ဖြစ်ပါတယ်။
Source:Reuters