
ဖိလစ်ပိုင်နိုင်ငံ၊ မြို့တော် မနီလာမှာ ဧပြီ ၂၃ ရက် မနက်အစောပိုင်းက မြို့လယ်ကောင်က ဆင်းရဲသားရပ်ကွက်ရှိ ရာနဲ့ချီတဲ့ ခနော်ခနဲ့နေအိမ်တွေ မီးအကြီးအကျယ် လောင်ကျွမ်းမှုကြောင့် ရာနဲ့ချီတဲ့ ဒေသခံတွေ အိုးမဲ့အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။
ဒေသစံတော်ချိန် မနက်အစောပိုင်း ၁ နာရီ ၅၅ မိနစ်လောက်မှာ မနီလာဆိပ်ကမ်းဧရိယာရှိ ဆင်းရဲသားရပ်ကွက်တလျှောက် မီးစတင်လောင်ကျွမ်းခဲ့ပြီး ၉ နာရီကြာ လောင်ကျွမ်းအပြီးမှာ မီးငြိမ်းသွားခဲ့ပါတယ်။
“အိမ်ခြေ ၅၀၀ လောက်က မိသားစု ၁,၅၀၀ ထိခိုက်ခဲ့ပြီး အရေအတွက် တိုးလာနိုင်တယ်” လို့ မနီလာ သဘာဝဘေးအန္တရာယ် လျော့ပါးရေး စီမံခန့်ခွဲမှုရုံး (DRRM) ဒါရိုက်တာ အာနဲလ် အန်းဂလိစ်က ရိုက်တာအင်တာဗျူးတခုမှာ ပြောကြားခဲ့ပါတယ်။
ဖိလစ်ပိုင်နိုင်ငံဟာ အဆောက်အအုံတွေ၊ နေအိမ်တွေနဲ့ ရုံးခန်းတွေမှာ မီးဘေးလုံခြုံရေးကို ကြပ်မတ်ဆောင်ရွက်ရာမှာ မှတ်တမ်းမှတ်ရာ ပြည့်စုံမှုမရှိကြောင်း စံချိန်တင်ပါတယ်။
ဩဂုတ်လတုန်းက မနီလာမြို့ရဲ့ တရုတ်တန်းမှာ ၅ ထပ်တိုက်ခန်း မီးလောင်မှု ဖြစ်ပွားပြီးနောက် လူ ၁၁ ယောက် သေဆုံးခဲ့ပါတယ်။
Source : Reuters