
ကရင်နီပြည်နယ်၊ ဘောလခဲမြို့နယ်မှာရှိတဲ့ စစ်ကောင်စီတပ်ရဲ့ ဝမ်မလန်းစခန်းသိမ်းတိုက်ပွဲ ရုပ်သံ ကို ဘောလခဲ PDF က ဧပြီ ၂၁ ရက်မှာ ထုတ်ပြန်ထားပါတယ်။
မတ်လ စတုတ္ထအပတ်ထဲက စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဖက်က ၄ ယောက်သေဆုံးပြီး လက်နက်ခဲယမ်းတချို့ကိုလည်း သိမ်းဆည်းရမိခဲ့တာပါ။
ဝမ်မလန်းစခန်းကုန်းက စစ်ကောင်စီတပ် အခိုင်အမာဆောက်ထားတာတဲ့ စခန်းကုန်း ဖြစ်တာကြောင့် အချိန်တနှစ်လောက်ထိ ထိတွေ့တိုက်ပွဲတွေဖြစ်ပွားခဲ့ပြီးနောက် သိမ်းပိုက်နိုင် ခဲ့တာပါ။
မြေပြင်သတင်းရင်းမြစ်တယောက်က “ပွဲက နေ့တိုင်းလို ဖြစ်တယ်။ ဒရုန်းတွေနဲ့ တိုက်ခိုက် တယ်”လို့ ပြောပါတယ်။
ခုလက်ရှိမှာ ဘောလခဲမြို့နယ်ထဲက နေရာတချို့မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေး အင်အားစုတွေကြား ထိတွေ့တိုက်ပွဲတွေ ဖြစ်ပွားနေတယ်လို့ မြေပြင်သတင်းအရ သိရပါတယ်။