
စစ်ကောင်စီက ယာယီအပစ်အခတ်ရပ်စဲထားတဲ့ကာလတွေမှာ ရှမ်းပြည်နယ်တောင်ပိုင်း နောင်ချိုမြို့နယ်အတွင်းက ကျေးရွာတွေကို လေကြောင်းတိုက်ခိုက်မှုတွေလုပ်ခဲ့ကြောင်း တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) က ဒီကနေ့ ဧပြီ ၂၂ ရက်မှာ ထုတ်ပြန်လာပါတယ်။
ယာယီအပစ်ရပ်ကြောင်းကြေညာတာ ရက် ၂၀ ပြည့်တဲ့ ဒီကနေ့ ဧပြီ ၂၂ ရက်မှာပဲ နောင်ချိုမြိုနယ်၊ အုမ္မတီးကျေးရွာကို စစ်ကောင်စီဂျက်ဖိုက်တာ နဲ့ ဗုံး ၂ လုံး ကြဲချခဲ့တာကြောင့် နေအိမ် ၅ လုံး ပျက်စီးခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂၁ ရက် တောင်ခမ်းကျေးရွာတိုက်ပွဲမှာလည်း စစ်ကောင်စီတပ်တွေက အဆိပ်ငွေ့ဗုံး ၁၅ လုံး ကြဲချခဲ့တာကြောင့် TNLA တပ်သား ၁၀ ယောက် အပြင်းအထန်ဒဏ်ရာရခဲ့တယ်လို့ ဆိုပါတယ်။
စစ်ကောင်စီက သဘာဝဘေးကြောင့် အပစ်ရပ်ကြောင်း ကြေညာထားသလို အပစ်ရပ်ကာလ သက်တမ်းတိုးတာတွေ ဆက်လုပ်နေပေမဲ့ နိုင်ငံတဝန်းမှာ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်လုပ်နေဆဲဖြစ်ပါတယ်။