
ရွေးကောက်ပွဲကျင်းပဖို့ သီတင်းနှစ်ပတ်မပြည့်မီ ဧပြီ ၂၂ ရက်က ကြိုတင်မဲ စပေးနေချိန်မှာ သြစတြေးလျ နိုင်ငံသားတွေဟာ ရာသီဥတုနဲ့ လူနေမှုစရိတ်အတွက် စိုးရိမ်နေကြပါတယ်။
မဲဆန္ဒရှင် ဗနက်ဆာ ဘီလီက “ကျမအတွက်ကတော့ ဒါဟာ ပတ်ဝန်းကျင်နဲ့ ကမ္ဘာမြေအတွက် ပိုမိုကောင်းမွန်တဲ့ အနာဂတ်အတွက် ကတိကဝတ်တွေ များပါတယ်။ ဒီပတ်ဝန်းကျင်က မိသားစုတွေအတွက် နေထိုင်မှုစရိတ်နဲ့ ပတ်သက်ပြီး ကတိကဝတ်ပြုတာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။
ဆစ်ဒနီမြို့ရဲ့ အထင်ကရ ဘွန်ဒီကမ်းခြေမှာ နေရာယူမယ့် လစ်ဘရယ်ပါတီ ကိုယ်စားလှယ်လောင်း ရိုနော့က်စ်က သူ့ မဲဆန္ဒနယ်အတွက် နေထိုင်မှုစရိတ်က အဓိကပြဿနာ ဖြစ်တယ်လို့ ပြောပါတယ်။
ရိုနော့က်စ်က “တခြားကမ္ဘာက ကျမတို့ကို မြင်စေချင်တဲ့အရာက သြစတြေးလျဟာ တက်ကြွတဲ့ ဒီမိုကရေစီနိုင်ငံ ဖြစ်ပေမဲ့ ကျမတို့ဟာ ကောင်းမွန်တဲ့နိုင်ငံတခု ဖြစ်တယ်ဆိုတာပဲ။ အရာအားလုံး လမ်းကြောင်းပေါ် ပြန်ရောက်အောင် လုပ်ဖို့ပဲလိုတယ်။ အားလုံးသိပြီး နှစ်သက်ကြတဲ့ သြစတြေးလျနိုင်ငံဖြစ်အောင် ပြန်လုပ်မှာပါ” လို့ မဲရုံအပြင်ဘက်မှာ သူက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
သြစတြေးလျ အထွေထွေ ရွေးကောက်ပွဲကို မေ ၃ ရက်မှာ ကျင်းပမှာ ဖြစ်ပါတယ်။
Source : Reuters