
ယီမင်နိုင်ငံအနောက်ပိုင်းရှိ ရာ့စ်အိုင်းဆာ လောင်စာဆီဆိပ်ကမ်းကို အမေရိကန်က တိုက်ခိုက်မှုကြောင့် အနည်းဆုံး ၃၈ ယောက် သေဆုံးခဲ့ပြီး မီးကျွမ်းထားတဲ့ မော်တော်ယာဉ် အကြွင်းအကျန်တွေနဲ့ မီးလောင်နေဆဲ လောင်စာဆီကန်တွေကို ဟူသီမီဒီယာ အယ်လ်မာစီရာ တီဗီက ဧပြီ ၁၈ ရက်မှာ ဗီဒီယိုဖိုင် ထုတ်လွှင့်ပြသခဲ့ပါတယ်။
အီရန်ကျောထောက်နောက်ခံပြု ဟူသီစစ်သွေးကြွတွေအတွက် လောင်စာဆီရင်းမြစ်ကို ဖြတ်တောက်ဖို့ ယီမင်အနောက်ပိုင်းရှိ ရာ့စ်အိုင်းဆာ လောင်စာဆိပ်ကမ်းကို တိုက်ခိုက်ခဲ့ကြောင်း အမေရိကန် ဗဟိုဌာနချုပ်က ဧပြီ ၁၇ ရက်မှာ ပြောပါတယ်။
အဲဒီတိုက်ခိုက်မှုတွေကြောင့် အနည်းဆုံး လူ ၃၈ ယောက် သေဆုံးပြီး ၁၀၂ ယောက် ဒဏ်ရာရရှိခဲ့ကြောင်း ဟူသီမီဒီယာ အယ်လ်မာစီရာ တီဗီက ပြောကြားပါတယ်။
ဗီဒီယိုဖိုင်မှာ လခြမ်းနီတပ်ဖွဲ့ဝင်တွေဟာ ဆိုက်အတွင်းမှ အလောင်းထည့်အိတ်တလုံးကို ဖယ်ရှားနေတာကို ပြသခဲ့ပါတယ်။
ဇန်နဝါရီလမှာ သမ္မတ ဒေါ်နယ်ထရမ့်ပ် တက်လာပြီးနောက် အရှေ့အလယ်ပိုင်းမှာ အကြီးမားဆုံး စစ်ရေးစစ်ဆင်ရေးမှာ ပါဝင်ခဲ့ပြီး ကြာသပတေးနေ့ တိုက်ခိုက်မှုဟာ ဟူသီသူပုန်တွေကို အမေရိကန်က လေကြောင်းတိုက်ခိုက်မှုတွေ ပြုလုပ်ပြီးနောက်ပိုင်း အသေအပျောက် အများဆုံး တိုက်ခိုက်မှုတခု ဖြစ်ပါတယ်။
Source : Reuters