
Institution အားကောင်းတဲ့ စစ်တပ်ကို ဖြိုချဖို့ဆိုရင် စနစ်ကျပြီး ခိုင်မာတဲ့ အရပ်သားအစိုးရ သြဇာကို ခံယူမယ့် စစ်တပ်တခု လိုအပ်တယ်လို့ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တည်ထောင်တဲ့ ၄ နှစ်ပြည့်ဖြစ်တဲ့ ဒီနေ့ ဧပြီ ၁၇ ရက်မှာ BPLA ရဲ့ ကွပ်ကဲရေးမှူးက ပြောဆိုခဲ့တယ်လို့ ထုတ်ပြန်ထားပါတယ်။
BPLA ရဲ့ တော်လှန်ရေးခရီးဟာ ပြည်သူတွေ မျက်ရည်ကျအောင်လုပ်တဲ့ စစ်အုပ်စုကို အပြီးတိုင် ဖယ်ရှားပြီးတော့ ပြည်သူလူထုအတွက် သာတူညီမျှမှု၊ လွတ်ငြိမ်းချမ်းသာမှုနဲ့ တရားမျှတမှုတို့ကို ဆောင်ကြဉ်းပေးနိုင်မယ့် နိုင်ငံတော်သစ်တရပ် ထူထောင်နိုင်ဖို့ ဖြစ်တယ်လို့ ဆိုပါတယ်။
လက်ရှိမှာတော့ BPLA အနေနဲ့ အခက်အခဲပေါင်းများစွာကို ကြိုးစားချီတက်ဆဲဖြစ်ပြီးတော့ လူထုက အမှန်တကယ် အားကိုးအားထားရတဲ့ တပ်တော်အဖြစ် သမိုင်းမှတ်တိုင် စိုက်ထူနိုင်မယ်လို့ ယုံကြည်ပါကြောင်း ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
အခုနှစ်မှာတော့ BPLA အနေနဲ့ အညာစစ်ဒေသကို တိုးချဲ့တည်ဆောက်နိုင်ခဲ့သလို ဗမာအများစု နေထိုင်တဲ့ ဒေသတွေမှာ တော်လှန်ရေးမဟာမိတ်တွေနဲ့ လက်တွဲပြီးတော့ တိုက်ပွဲတွေ ဖော်ဆောင်နေပြီလို့ ဆိုပါတယ်။
ဒါ့အပြင် ဒီနေ့ ဧပြီ ၁၇ ရက်နေ့မှာ ဗမာပြည်သူ့လွတ်မြောက်ရေးတပ်တော် (BPLA) တပ်တည်ထောင်တာ ၄ နှစ်ပြည့် အခမ်းအနားကို BPLA ရဲ့ စစ်ဒေသအသီးသီးမှာ ကျင်းပခဲ့ကြပါတယ်။
ကေခိုင်