
မန္တလေးတိုင်း၊ မိုးကုတ်မြို့၊ ကသဲကျေးရွာအုပ်စုရှိ ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က ဧပြီ ၁၇ ရက် မနက် ၁၀ နာရီ ၈ မိနစ်မှာ ဂျက်ဖိုက်တာနဲ့ ဗုံးကြဲချ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
မြို့ခံတယောက်က “လေယာဥ်က နိမ့်နိမ့်လေးဝဲနေတာ၊ အသံအကျယ်ကြီး ကြားရတယ်၊ ခဏကြာတော့ ဝုန်းဆိုပြီး ဗုံးကြဲသွားတာ၊ တောထဲကနေတောင် မီးခိုးမြင်ရတယ်” လို့ ပြောပါတယ်။
မိုးကုတ်မြို့၊ ကဆုတ်ကျေးရွာကို စစ်ကောင်စီတပ်က ဗုံးတလုံး ကြဲချတိုက်ခိုက်ခဲ့ပေမဲ့ လူထိခိုက်မှု မရှိခဲ့ဘူးလို့ သိရပါတယ်။
မိုးကုတ်မြို့အနောက်ပိုင်း ပင့်ကူတောင် အနောက်ဘက် ကျောက်တွင်းလုပ်ကွက်ကိုလည်း စစ်ကောင်စီတပ်က ဧပြီ ၆ ရက်မှာ လေယာဥ်နဲ့ ဗုံးကြဲခဲ့ပေမဲ့ ထိခိုက်မှုမရှိခဲ့ပါဘူး။