
ရီးရဲလ်မက်ဒရစ်အသင်း ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက် မိမိရဲ့အနာဂတ်ကို အသင်းဘက်က ဆုံးဖြတ်လိမ့်မယ်လို့ နည်းပြ အန်စလော့တီက ပြောသွားပါတယ်။
မက်ဒရစ်ကလပ်ဟာ အာဆင်နယ်ကို ချန်ပီယံလိဂ် ကွာတားဖိုင်နယ် ပထမအကျော့မှာ ၃ ဂိုး ဂိုးမရှိ၊ ဒုတိယအကျော့မှာ ၂ ဂိုး ၁ ဂိုးနဲ့ နှစ်ကျော့စလုံး ရှုံးနိမ့်ပြီး ထွက်ခဲ့ရတာပါ။
လာလီဂါမှာလည်း ရလဒ်ဆိုးရွားနေတဲ့အပေါ် နည်းပြ အန်စလော့တီရဲ့ အနာဂတ်က မသေမချာ ဖြစ်လာခဲ့တာပါ။
အန်စလော့တီ ကတော့ လာမယ့်ရာသီ အသင်းမှာ ဆက်ရှိ၊ မရှိကို အသင်းက ဆုံးဖြတ်မှာဖြစ်ပြီး အခုနှစ်ရာသီမှာ ဖြစ်နိုင်သလို စာချုပ်သက်တမ်းကုန်ဆုံးမယ့် လာမယ့်ရာသီမှာလည်း ဖြစ်နိုင်ကြောင်း ပြောပါတယ်။
ရီးရဲလ်အသင်းကနေ ဘယ်အချိန်မှာ ထွက်ခွာရသည်ဖြစ်စေ အသင်းကို ကျေးဇူးတင်နေမှာဖြစ်ပြီး အနာဂတ်ကိစ္စအပေါ် ပြဿနာမရှိကြောင်း နည်းပြ အန်စလော့တီက ပြောသွားပါတယ်။