
ရီးရဲလ်နဲ့ပွဲစဉ်ကို ရဲရဲရင့်ရင့်ကစားဖို့ အသင်းသားတွေကို မှာကြားထားကြောင်း အာဆင်နယ်နည်းပြ အာတေတာက ပြောသွားပါတယ်။
အာဆင်နယ်ဟာ ပထမအကျော့ အိမ်ကွင်းမှာ ၃ ဂိုးပြတ် အနိုင်ရထားပေမဲ့ ချန်ပီယံလိဂ် အတွေ့အကြုံရှိ ရီးရဲလ်အသင်းရဲ့ အိမ်ကွင်းမှာ ဘာမဆိုဖြစ်နိုင်ကြောင်း ခန့်မှန်းသုံးသပ်မှုတွေ ရှိနေတာပါ။
နည်းပြ အာတေတာကတော့ ကစားသမားတွေကို ရဲရဲရင့်ရင့်နဲ့ သတ္တိရှိရှိကစားဖို့ မှာကြားထားပြီး အိမ်ကွင်းမှာ ကစားခဲ့သလိုပဲ နိုင်ပွဲထပ်ယူဖို့ ပြောထားကြောင်းလည်း နည်းပြအာတေတာက ပြောပါတယ်။
ရီးရဲလ်အသင်းကို ပထမအကျော့ကအတိုင်း အသာစီးရယူပြီး ကစားနိုင်ဖို့ ပြင်ဆင်ထားပြီး ရလာတဲ့ အခွင့်အရေးတွေကတော့ ဂိုးအဖြစ် အသုံးချသွားမှာဖြစ်ကြောင်း နည်းပြ အာတေတာက ပြောသွားပါတယ်။
ရီးရဲလ်အသင်းဘက်ကတော့ အာဆင်နယ်ကို ၃ ဂိုးပြန်သွင်းဖို့ အဘက်ဘက်ကနေ ပြင်ဆင်နေပြီး အိမ်ကွင်း ဘာနေဗျူးကိုလည်း အမိုးပိတ်ပြီး ကစားသွားမယ်လို့ သိရပါတယ်။