
ချန်ပီယံလိဂ်ကွာတားဖိုင်နယ်ပွဲ မတိုင်ခင်တရက်အလိုမှာ ပီအက်စ်ဂျီနဲ့ အက်စ်တန်ဗီလာ ပရိသတ်တွေ ခိုက်ရန်ဖြစ်ပွားခဲ့ကြပါတယ်။
ပြင်သစ်နိုင်ငံ ပဲရစ်မှာကစားမယ့် ကွာတားဖိုင်နယ်ပွဲစဉ်မတိုင်ခင်မှာ ခိုက်ရန်ဖြစ်ပွားခဲ့တာဖြစ်ပြီး နှစ်ဖက်ပရိသတ်တွေကြားမှာ လက်သီးချင်းယှဉ်ထိုးခဲ့ကြကာ ထိုင်ခုံတွေနဲ့ပါ အပြန်အလှန် ပစ်ပေါက်ခဲ့ကြတာပါ။
ဗီလာအသင်းဟာ ၁၉၈၂-၁၉၈၃ ဘောလုံးရာသီနောက်ပိုင်း ပထမဆုံးအကြိမ် ချန်ပီယံလိဂ် ကွာတားဖိုင်နယ်ကို တက်လှမ်းနိုင်ခဲ့တာဖြစ်ပြီး ပရိသတ် ၃၀၀၀ လောက် လိုက်ပါအားပေးကြတာပါ။
ပဲရစ်မြို့ရှိ ဘားတခုရဲ့အပြင်ဘက်က နှစ်ဖက်ပရိသတ်ပေါင်း ၂၀ လောက် ခိုက်ရန်ဖြစ်ပွားခဲ့ကြပြီး ဘားက ထိုင်ခုံရှည်တွေနဲ့ အပြန်အလှန်ပစ်ပေါက်ခဲ့ကြတာပါ။
ဗီလာပရိသတ်တွေဟာ ၂၀၂၄ ခုနှစ်က လီဂီယာဝါဆောနဲ့ ယူရိုပါလိဂ် အိမ်ကွင်းပွဲစဉ်မှာလည်း ခိုက်ရန်ဖြစ်ပွားမှုတွေရှိခဲ့ ပြီး ပရိသတ် ၄၂ ယောက်အထိ အဖမ်းခံခဲ့ရဖူးပါတယ်။
Photo-Reuters