
ပီအက်စ်ဂျီနဲ့ယှဉ်ပြိုင်ကစားခဲ့တဲ့ ချန်ပီယံလိဂ်ဒုတိယအကျော့ပွဲစဉ်ဟာ ဘဝတလျှောက် အကောင်းဆုံးဘောလုံးပွဲစဉ်ဖြစ်တယ်လို့ လီဗာပူးနည်းပြအာနဲစလော့က ပြောသွားပါတယ်။
လီဗာပူးအသင်းဟာ ပထမအကျော့ အဝေးကွင်းမှာအနိုင်ရခဲ့ပေမဲ့ ဒုတိယအကျော့အိမ်ကွင်းမှာ ရှုံးနိမ့်ခဲ့ပြီး ပင်နယ်တီအဆုံးအဖြတ်မှာ ထပ်အပြီးအရေးနိမ့်ခဲ့လို ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခဲ့ရတာပါ။
ပထမအကျော့ကစွမ်းဆောင်ရည်နဲ့ နှိုင်းယှဉ်မယ်ဆိုရင် ပိုကောင်းတဲ့စွမ်းဆောင်ရည် ပြသနိုင်ခဲ့ပြီး ကံမကောင်းလိုသာ ရှုံးနိမ့်ခဲ့ရတာဖြစ်ကြောင်း၊ ဒီနေ့ပွဲစဉ်ဟာ မိမိဘဝတလျှောက်မှာ မိမိကိုယ်တိုင် ပါဝင်ပတ်သက်ခဲ့တဲ့ အကောင်းဆုံး ဘောလုံးပွဲစဉ်ဖြစ်ကြောင်း နည်းပြစလော့က ပြောပါတယ်။
ပီအက်စ်ဂျီနည်းပြအင်းနရစ်ကတော့ နောက်တဆင့်တက်ဖို့ ၂ သင်းစလုံးနဲ့ ထိုက်တန်ပြီး ပီအက်စ်ဂျီအသင်းသားတွေအနေနဲ့ ကိုယ်ရည်ကိုယ်သွေးနဲ့ စရိုက်လက္ခဏာ ကောင်းတွေပြသနိုင်ခဲ့ကြောင်း ပြောသွားပါတယ်။
Photo: Reuters