
အာဆင်နယ်အသင်းဟာ လာမယ့် ဘောလုံးရာသီအတွက် အီတလီတိုက်စစ်မှူး မွိုက်စ်ကိန်းကို ခေါ်ယူဖို့ ပစ်မှတ်ထားလာပါတယ်။
အခုနှစ်ရာသီနှောင်းပိုင်းမှာ တိုက်စစ်မှူးတွေ ဒဏ်ရာရနေတာကြောင့် အခက်တွေ့ခဲ့ရတဲ့ အာဆင်နယ်ဟာ လာမယ့်ရာသီအတွက် တိုက်စစ်မှူးတယောက် ခေါ်ယူဖို့ စီစဉ်ထားတာပါ။
အာဆင်နယ် ဦးစားပေးခေါ်ယူမယ့် တိုက်စစ်မှူးက စီးရီးအေကလပ် ဖီအိုရင်တီးနားမှာ ခြေစွမ်းပြနေတဲ့ မွိုက်စ်ကိန်း ဖြစ်တယ်လို့ အီတလီသတင်းစာက ဖော်ပြပါတယ်။
အသက် ၂၅ နှစ်ရှိ မွိုက်စ်ကိန်းဟာ အခုနှစ်ရာသီ ပြိုင်ပွဲစုံ ၃၄ ပွဲမှာ ဂိုး ၂၀ သွင်းထားပြီး ကစားသမားဘဝတလျှောက် ဂိုးအများဆုံး သွင်းယူထားတာပါ။
မွိုက်စ်ကိန်းဟာ ဂျူဗင်တပ်အသင်း အပါအဝင် ပီအက်စ်ဂျီနဲ့ အဲဗာတန်အသင်းတွေမှာလည်း ပြောင်းရွှေ့ကစားခဲ့ဖူးပါတယ်။