
အင်္ဂလန်အိုးပန်း ကြက်တောင်ရိုက်ပြိုင်ပွဲမှာ အမျိုးသားပွဲစဉ်မှာ တရုတ်နိုင်ငံသား ရှီယူကျီးက ထိုင်ဝမ်နိုင်ငံသား လီချိုင်းဟောင်ကို အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
မတ် ၁၆ ရက်က All England Open ချန်ပီယံ ဖိုင်နယ်ပွဲစဉ်တွေကို အင်္ဂလန်နိုင်ငံ ဘာမင်ဟမ်မှာ ကျင်းပခဲ့တာပါ။
အမျိုးသား တယောက်ချင်း ဖိုင်နယ်ပွဲစဉ်မှာ ရှီက ၅၁ မိနစ်အတွင်း ၂၁-၁၇၊ ၂၁-၁၉ ရမှတ်တွေနဲ့ ၂ ပွဲစလုံး အနိုင်ရပြီး ချန်ပီယံဖြစ်သွားခဲ့တာပါ။
အမျိုးသမီးတယောက်ချင်း ကြက်တောင်ရိုက် ပြိုင်ပွဲမှာတော့ တောင်ကိုရီးယား ကြက်တောင်မယ် အန်းစီရမ်းက အနိုင်ရ ဗိုလ်စွဲသွားပါတယ်။
အန်းဟာ တရုတ်ကြက်တောင်မယ် ဝမ်ဇီရီကို ၃ ပွဲအထိ ၉၅ မိနစ်အကြာ ကစားပြီးမှ အနိုင်ရရှိခဲ့တာပါ။
အမျိုးသမီး ၂ ယောက်တွဲ ပြိုင်ပွဲမှာတော့ ဂျပန်ကြက်တောင်မယ် နာမီ မက်ဆုရာမနဲ့ ချီဟာရု ရှီဒါတို့ အတွဲက ယုကီ ဖူကူရှီးမာနဲ့ မာရု မတ်ဆုမိုတိုတို့ အတွဲကို ၃ ပွဲအထိ ယှဉ်ပြိုင်ကစားခဲ့ရပြီး အနိုင်ရခဲ့ပါတယ်။
အမျိုးသား ၂ ယောက်တွဲ ဖိုင်နယ်ပွဲစဉ်မှာတော့ တောင်ကိုရီးယားက ကင်မ်ဝန်ဟိုနဲ့ ဆောင်ဆန်ဂျေ တို့အတွဲက အင်ဒိုကစားသမား လီယိုရိုလီကာနာတိုနဲ့ ဘာဂတ်စ် မော်လာနာတို့ကို နှစ်ပွဲဆက် အနိုင်ရပြီး ဗိုလ်စွဲသွားပါတယ်။
အမျိုးသမီး၊ အမျိုးသား နှစ်ယောက်တွဲ Mix Double ပွဲစဉ်မှာတော့ စောဂူရှင်ဝါနဲ့ ချမ် ဖန်ဂူအီတို့က အနိုင်ရရှိသွားပါတယ်။
Source : Reuters