မြဝတီကျားဖြန့်မှ တရုတ်နိုင်ငံသား ၃၇၅ ဦး ကို နေရပ်ပြန်ပို့ (ဓာတ်ပုံ)
DVB
·
March 14, 2025
ကရင်ပြည်နယ်၊ မြဝတီမြို့က ကျားဖြန့် အွန်လိုင်းလောင်းကစားနဲ့ ငွေလိမ်လုပ်ငန်းတွေမှာ ခိုင်းစေခံခဲ့ရတဲ့ တရုတ်နိုင်ငံသား ၃၇၅ ယောက်ကို မတ်လ ၁၄ ရက်မှာ ကရင်နယ်ခြားစောင့်တပ် (BGF) က ထိုင်းနိုင်ငံဘက်ကို ပြန်လွှဲပေးလိုက်ပါတယ်။
ပြန်လွှဲပေးလိုက်တဲ့ တရုတ်နိုင်ငံသားတွေကို ထိုင်းနိုင်ငံ မဲဆောက်လေယာဉ်ကွင်းကတဆင့် တရုတ်လေယာဉ်နဲ့ နေရပ်ကိုပြန်လည် ပို့ဆောင်လိုက်ပါတယ်။
အလားတူ မတ် ၁၃ ရက်ကလည်း တရုတ်နိုင်ငံသား အယောက် ၄၅၀ ကို ပြန်လည်ပို့ဆောင်ခဲ့ပြီး ၂ ရက်အတွင်း တရုတ်နိုင်ငံသားစုစုပေါင်း ၈၂၅ ယောက်ကို ပြန်ပို့ခဲ့တာဖြစ်ပါတယ်။