
အာဂျင်တီးနား ဂန္ထဝင်ဘောလုံးသမား မာရာဒိုနာ သေဆုံးခဲ့မှုနဲ့ပတ်သက်ပြီး တရားမျှတမှုရဖို့ မိသားစုဝင်တွေနဲ့ မိတ်ဆွေတွေက ဆန္ဒရှိနေပါတယ်။
မာရာဒိုနာ ကွယ်လွန်ခဲ့မှုဟာ သွေးရိုးသားရိုးကွယ်လွန်တာ မဟုတ်ဘဲ ရည်ရွယ်ချက်ရှိရှိ ရိုးရှင်းတဲ့ လူသတ်မှုအဖြစ် သူ့မိသားစုက တရားရုံးမှာ ဆေးအဖွဲ့ကို တရားစွဲထားတာပါ။
မာရာဒိုနာဟာ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာလက နှလုံးရောဂါကြောင့် အသက် ၆၀ အရွယ်မှာ သေဆုံးခဲ့တာ ဖြစ်ပါတယ်။
မာရာဒိုနာဟာ သွေးခဲမှုကို ခွဲစိတ်ကုသမှုခံယူပြီးနောက် ပြန်သက်သာလာချိန် အိမ်မှာ ကွယ်လွန်ခဲ့တာပဲ ဖြစ်ပါတယ်။
ဒီလိုစွပ်စွဲချက်တွေကို ဆေးကုသခဲ့တဲ့ ဆေးအဖွဲ့က ငြင်းဆိုထားပါတယ်။ မာရာဒိုနာသမီးတွေရဲ့ ရှေ့နေဖြစ်သူက ဆေးအဖွဲ့ဟာ တရားရုံးမှာ တရားရင်ဆိုင်ပြီးတဲ့နောက် အပြစ်ပေးခံရမယ်လို့ ယုံကြည်ထားပါတယ်။
မာရာဒိုနာကို ဆေးကုသပေးခဲ့တဲ့ ဆေးအဖွဲ့ထဲမှာ အဖွဲ့ဝင် ၇ ယောက် ပါဝင်ပြီး တရားရင်ဆိုင်ရမှာဖြစ်သလို ၈ ယောက်မြောက်ကတော့ ဇူလိုင်လမှာ တရားရင်ဆိုင်ရမှာပါ။
အဲဒီဆေးအဖွဲ့ထဲမှာ စိတ်ရောဂါအထူးကုဆရာဝန်၊ ခွဲစိတ်အထူးကု၊ စိတ်ပညာရှင်၊ သူနာပြုခေါင်းဆောင်နဲ့ ဆေးရုံတာဝန်ရှိသူတွေ ပါဝင်ပါတယ်။ ဒီတရားစွဲဆိုမှုမှာ အပြစ်ရှိကြောင်း တွေ့ရှိပါက ထောင်ဒဏ် ၈ နှစ်ကနေ ၂၅ နှစ်အထိ ချမှတ်ခံရနိုင်ပါတယ်။
မာရာဒိုနာ သေဆုံးမှုနဲ့ ပတ်သက်ပြီး တရားမျှတမှုရှိဖို့ ဗြူနိုအေးရိစ်တရားရုံးအပြင်ဘက်မှာ ပရိသတ်တွေက တောင်းဆိုခဲ့ကြပါတယ်။
Source : Reuters