ပီရူး ဈေးဝယ်စင်တာ ခေါင်မိုးပြိုကျမှု လူ ၃ ဦး သေဆုံး၊ ပျောက်ဆုံးသူများကို ဆက်လက်ရှာဖွေ
DVB
·
February 22, 2025

ပီရူးနိုင်ငံမြောက်ပိုင်းရှိ လူစည်ကားတဲ့ ဈေးဝယ်စင်တာမှာ ဖေဖော်ဝါရီ ၂၁ ရက် က အမိုးပြိုကျ သဖြင့် လူ ၃ ဦးထက်မနည်း သေဆုံးကာ ဒါဇင် ချီ ဒဏ်ရာရရှိခဲ့ကြောင်း ပီရူးအစိုးရက ပြောပါတယ်။
ကမ်းရိုးတန်းမြို့ ထရူးဟီယိုရှိ ရီးယဲလ် ပလာဇာကုန်တိုက်မှာ အစားအသောက်ဈေးတန်းရှိ ခေါင်မိုး ပြိုကျမှုကြောင့် လူ ၃ ဦး သေဆုံးပြီးတော့ လူ ၂၉ ဦးထက်မနည်း ထိခိုက်ဒဏ်ရာ ရသွားကြတာပါ။
အပျက်အစီးတွေအောက်မှ လူတွေကို ရှာဖွေတွေ့ရှိနိုင်ဖို့ ကယ်ဆယ်ရေးလုပ်ငန်းတွေကို အရှိန်မြှင့် ဆောင်ရွက်နေပြီး သေဆုံးသူဦးရေ တိုးလာမှာကိုလည်း စိုးရိမ်နေပါတယ်။
Source : Reuters