
ပီရူးနိုင်ငံတဝန်းမှာ ဖေဖော်ဝါရီ ၁၁ ရက်နဲ့ ၁၂ ရက်တို့မှာ မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် မြို့တော် လီမာ အပါအဝင် ဒေသအများအပြားမှာ နေအိမ်တွေ ပျက်စီးကာ ဘေးလွတ်ရာ ရွှေ့ပြောင်းခဲ့ရကြောင်း ဒေသဆိုင်ရာအာဏာပိုင်တွေက ပြောကြားခဲ့ပါတယ်ေ
တောင်ပိုင်းရှိ နာ့ဇ်ကာမြို့မှာ ရုတ်တရက် ရေကြီးမှုကြောင့် နေအိမ်အများအပြား ပျက်စီးခဲ့ရတာကြောင့် မိသားစု ဒါဇင်ပေါင်းများစွာ နေအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပြီး အရေးပေါ်အကူအညီတွေလည်း လိုအပ်နေပါတယ်။
အီကာမြို့ရဲ့ အရပ်ဘက်ကာကွယ်ရေး ဒေသဆိုင်ရာ ပလက်ဖောင်းမှာတော့ ဘေးဒဏ်ခံဒေသတွေမှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို ညှိနှိုင်းဆောင်ရွက်ဖို့ အရေးပေါ် အစည်းအဝေးကို ကြေညာထားပါတယ်။
ပီရူးနိုင်ငံရဲ့ မိုးလေဝသဝန်ဆောင်မှု (ဆီနမ်ဟီ) ကတော့ လာမယ့်ရက်တွေအတွင်း နောက်ထပ်ဒေသတွေမှာ အလားတူအခြေအနေတွေ ကြုံတွေ့ရနိုင်ကြောင်း သတိပေးထားပါတယ်။
“နိုင်ငံရဲ့ အစိတ်အပိုင်း အသီးသီးကို မိုးသည်းသည်းထန်ထန် ရွာသွန်းမှု ရှိနေတာကို မြင်တွေ့နေရပါတယ်” လို့ ဒေသဆိုင်ရာ အရေးပေါ် စစ်ဆင်ရေး ညှိနှိုင်းရေးမှူး ရီကာဒို ဂွီလန် ဘာလင်က ပြောပါတယ်။
ဒေသအာဏာပိုင်တွေဟာ ပျက်စီးဆုံးရှုံးမှုတွေကို အကဲဖြတ်နေပြီး လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးအပ်နေတယ်လို့လည်း ဆိုပါတယ်။
Source : Reuters