
မက္ကဆီကိုစစ်တပ်က အကြမ်းဖက်မှု ထူပြောတဲ့ စီနာလိုအာပြည်နယ်ထဲမှာ စိတ်ကြွဆေးပြား ၄ တန်ကျော်ကို သိမ်းဆည်းရမိခဲ့တယ်လို့ ဖေဖော်ဝါရီ ၁၆ ရက်မှာ ကြေညာခဲ့ပါတယ်။
ဓာတ်ခွဲခန်းတွေနဲ့ သိုလှောင်ရုံတွေလို နေရာတွေမှာ မူးယစ်ဆေးဝါးတွေကို သိမ်းဆည်းရမိခဲ့တာလို့ အာဏာပိုင်တွေက ပြောပါတယ်။
ဒါ့အပြင် ကြည်းတပ်ဦးစီးချုပ် ဟမ်းလက် တိုလီဒိုရဲ့ လက်ထောက်စစ်ဆင်ရေးဦးစီးချုပ်က မတူတဲ့ ဓာတ်ခွဲခန်းတခုမှာ စစ်ဆင်ရေးမစမီ စိတ်ကြွဆေး ၁,၂၅၀ ကီလိုဂရမ် သိမ်းဆည်းရမိခဲ့တယ်လို့ တင်ပြခဲ့ပါတယ်။
အခြေအနေ မထိန်းချုပ်နိုင်ရင် အခွန်တွေ စည်းကြပ်မယ်လို့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ပ် အစိုးရအဖွဲ့က ခြိမ်းခြောက်ခဲ့ချိန်ကတည်းက မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားမှုကို တားဆီးဖို့ မက္ကဆီကိုနိုင်ငံအပေါ် အမေရိကန်က ဖိအားတွေ မြင့်တက်လာခဲ့ပါတယ်။
Source : Reuters