
အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်ကို Time မဂ္ဂဇင်းက ၂၀၂၄ ခုနှစ်အတွက် 'Person of the Year' (တနှစ်တာအထူးခြားဆုံးပုဂ္ဂိုလ်) အဖြစ် ရွေးချယ်သတ်မှတ် ဖော်ပြ လိုက်ပါတယ်။
ဒေါ်နယ်ထရမ့်ပ်ဟာ အခုနှစ် အမေရိကန် ရွေးကောက်ပွဲမှာ တကျော့ပြန်အနိုင်ရပြီး ရွေးကောက်ခံ သမ္မတ ဖြစ်လာတာနဲ့ လုပ်ကြံသတ်ဖြတ်မှုနဲ့ ကြုံတွေ့ခဲ့ရတာတွေကြောင့် တနှစ်တာအတွက် အထူးခြားဆုံး ပုဂ္ဂိုလ် အဖြစ် ရွေးချယ်ခံရတာပါ။
တိုင်းမ်မဂ္ဂဇင်းဟာ ၂၀၁၆ ခုနှစ်တုန်းကလည်း ထရမ့်ပ်ကို "တနှစ်တာအထူးခြားဆုံးပုဂ္ဂိုလ်" အဖြစ် သတ်မှတ်ဖော်ပြခဲ့ဖူးပါတယ်။
ပြီးခဲ့တဲ့နှစ် ၂၀၂၃ ခုနှစ်တုန်းကတော့ ပေါ့ပ်စတား တေလာဆွစ်ဖ်က "တနှစ်တာအထူးခြားဆုံးပုဂ္ဂိုလ်" အဖြစ် ရွေးချယ်ခံရပတယ်။
၂၀၂၀ ပြည့်နှစ်မှာတော့ ထရပ်မ့်ကို အနိုင်ရပြီးတဲ့နောက် ဒီမိုကရက်တစ်သမ္မတ ဂျိုးဘိုင်ဒန်နဲ့ ဒုတိယသမ္မတ ကာမာလာဟာရစ်တို့ကို "တနှစ်တာအထူးခြားဆုံးပုဂ္ဂိုလ်" အဖြစ် ရွေးချယ်ခဲ့ပါတယ်။
ထရမ့်ပ်ဟာ နယူးယောက်စတော့အိတ်ချိန်းရဲ့ အဖွင့်ခေါင်းလောင်းကို တီးခတ်ဖို့အတွက် ဒီဇင်ဘာ ၁၂ ရက်နေ့က နယူးယောက် စတော့အိတ်ချိန်း (NYSE) ကို သွားရောက်ခဲ့ပါတယ်။
ရီပတ်ဘလစ်ကန် သမ္မတဒေါ်နယ်ထရမ့်ပ်ဟာ နိုင်ငံရေးကို မလှည့်မီ နယူးယောက်အိမ်ခြံမြေ ရင်းနှီးမြှုပ်နှံသူအဖြစ် သူ့ရဲ့ ဓနဥစ္စာကို တည်ဆောက်ခဲ့သူပါ။
သမ္မတအဖြစ် ပထမသက်တမ်းအတွင်း သူ့အောင်မြင်မှုကို အတိုင်းအတာတခုအထိ စတော့ဈေးကွက် အားကောင်းမှုနဲ့ တိုင်းတာခဲ့ပြီး ဒီအချက်ဟာ သူပြန်လည်ရွေးကောက်ခံရတာကို ကြိုဆိုခဲ့ပါတယ်။
စတော့အိတ်ချိန်း ခေါင်းလောင်းသံဟာ ကမ္ဘာ့အကြီးဆုံး စတော့အိတ်ချိန်းမှာ အရောင်းအ၀ယ်နေ့ရဲ့ အစနဲ့ အရောင်းပိတ်ခြင်းကို ကိုယ်စားပြုပြီး တီးခတ်ရတာ ဂုဏ်ယူစရာလို့ ယူဆကြပါတယ်။
ဒီလုပ်ရပ်ဟာ ကနဦးက အဓိကကျတဲ့ ကော်ပိုရေးရှင်းကြီးတွေရဲ့ သမိုင်းမှတ်တိုင်အဖြစ် အများပြည်သူအတွက် အစုရှယ်ယာတွေ ရောင်းပေးရာမှာ ကုမ္ပဏီအမှုဆောင်တွေ တီးခတ်ဖို့ သမိုင်းမှာ သီးသန့်ထားခဲ့တဲ့ လုပ်ရပ်ဖြစ်ပေမဲ့ အမေရိကန်သမ္မတဟောင်း ရော်နယ်ရေဂင်၊ နယ်လ်ဆင်မန်ဒဲလားနဲ့ အားနော့ဒ် ရွှာဇန်နက်ဂါတို့လို နာမည်ကြီး နိုင်ငံရေးသမားတွေလည်း တီးခတ်ခဲ့ ဖူးပါတယ်။
Source: Reuters