Home
နိုင်ငံတကာ
ဒေါ်နယ်ထရမ့်ပ်က လူမှုဖူလုံရေးနှင့်အသေးစားစီးပွားရေးလုပ်ငန်းများ စီမံအုပ်ချုပ်ရေးအတွက် အကြီးအကဲများစာရင်း ကြေညာ
DVB
·
December 5, 2024
Photo-Reuters

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က ကမ္ဘာလုံးဆိုင်ရာ ဘဏ္ဍာရေးကုမ္ပဏီ Fiserv ရဲ့ အမှုဆောင် အရာရှိချုပ် ဖရန့်ခ် ဘီဇီညာနိုကို လူမှုဖူလုံရေးစီမံကွပ်ကဲမှုဌာနအတွက် ဦးဆောင်ဖို့ ရွေးလိုက်တယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ကြေညာခဲ့ပါတယ။

ထရမ့်ပ်က ဘီဇီညာနိုရဲ့ ခေါင်းဆောင်မှုစွမ်းရည်ကို ချီးကျူးပြီး ဖရန့်ခ်ဟာ ကြီးမားတဲ့ ကော်ပိုရေးရှင်းကြီးများ အသွင်ပြောင်းတဲ့ မှတ်တမ်းနဲ့ အတူ စီးပွားရေးခေါင်းဆောင်တယောက် ဖြစ်တယ်လို့ ဆိုပါတယ်။

အေဂျင်စီရဲ့ ကတိကဝတ်တွေကို မျိုးဆက်သစ်အမေရိကန်ပြည်သူတွေဆီ တင်ပြဖို့ သူတာဝန်ယူမယ်လို့လည်း ပြောပါတယ်။

ရာထူးအရ ဘီဇီညာနိုဟာ JP မော်ဂံ ချေ့စ် & Co. မှာ တွဲဖက်အမှုဆောင်အရာရှိအဖြစ် တာဝန်ထမ်းဆောင်ခဲ့ပြီး Fiserv ကုမ္ပဏီကို မဝင်ရောက်မီ Citigroupမှာ အကြီးတန်းတာဝန်တွေကို ထမ်းဆောင်ခဲ့ပါတယ်. 

အမေရိကန် ရွေးကောက်ခံသမ္မတ ဒေါ်နယ်ထရမ့်ပ်က အသေးစားစီးပွားရေး စီမံခန့်ခွဲမှုကို ဦးဆောင်ဖို့ အထက်လွှတ်တော်အမတ်ဟောင်း ကယ်လီ လိုဖ်လာကို ရွေးချယ်လိုက်တယ်လို့ ဒီဇင်ဘာ ၄ ရက်မှာ ပြောပါတယ်။

ထရမ့်ပ်ဟာ နိုဝင်ဘာ ၅ ရက် သမ္မတရွေးကောက်ပွဲမှာ အနိုင်ရပြီးတဲ့နောက် ကနဦး ကော်မတီရဲ့ ပူးတွဲဥက္ကဋ္ဌအဖြစ် သူ့ကို အခိုင်အမာ ထောက်ခံသူ အလှူရှင် လိုဖ်လာ ကို ရွေးချယ်ခဲ့တာပါ။ 

လိုဖ်လာဟာ အမေရိကန် အထက်လွှတ်တော်မှာ တာဝန်ထမ်းဆောင်ချိန်က အထက်လွှတ်တော် စိုက်ပျိုးရေး ကော်မတီမှာ ခေတ္တတာဝန် ထမ်းဆောင်ခဲ့ဖူးပါတယ်။

ချမ်းသာတဲ့ ရီပတ်ဘလစ်ကင် ပါတီဝင် လိုဖ်လာဟာ ကိုရိုနာဗိုင်းရပ် ကူးစက်ကပ်ဘေးအတွင်း ရှယ်ယာရောင်းချမှုအပေါ် ဝေဖန်ခံရပြီးတဲ့နောက် ၂၀၂၀ ခုနှစ်မှာ အမေရိကန် အထက်လွှတ်တော် ကျင့်ဝတ် ကော်မတီက လိုဖ်လာကို   စတော့ရှယ်ယာရောင်းဝယ်မှုတွေနဲ့ ပတ်သက်ပြီး အမှားအယွင်းမရှိကြောင်း ရှင်းလင်းခဲ့တယ်လို့ သူ့ရုံးက ပြောခဲ့ပါတယ်။

Source-Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024