
ပြင်သစ်ကလပ် ပီအက်စ်ဂျီအသင်းဟာ ဇူလိုင် ၁၀ ရက် ဒီနေ့မနက်ပိုင်းက ယှဉ်ပြိုင်ကစားသွားတဲ့ ကလပ်ကမ္ဘာ့ဖလား ဆီမီးဖိုင်နယ်မှာ ရီးရဲလ်မက်ဒရစ်ကို ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရပြီး ဗိုလ်လုပွဲ တက်သွားပါတယ်။
ပီအက်စ်ဂျီအသင်းဟာ ပွဲအစ ၆ မိနစ်၊ ၉ မိနစ်နဲ့ ၂၄ မိနစ်မှာကတည်းက ကွင်းလယ်လူ ဖေဘီယန်ရုဇ်၊ တိုက်စစ်မှူး ဒမ်ဘီလီတို့ရဲ့ သွင်းဂိုးတွေနဲ့ ဦးဆောင်နိုင်ခဲ့ပြီး ပွဲပြီးခါနီးမှာ တဂိုးထပ်သွင်းခဲ့လို့ ၄ ဂိုး ဂိုးမရှိနဲ့ အနိုင်ရခဲ့တာပါ။
ပီအက်စ်ဂျီအသင်းဟာ ဥရောပ ချန်ပီယံလိဂ်ချန်ပီယံအသင်းပီပီ အကောင်းဆုံးကစားနိုင်ခဲ့ပြီး ကွာတားဖိုင်နယ်မှာလည်း ဘိုင်ယန်မြူးနစ်ကို ကျော်ဖြတ်နိုင်ခဲ့တာပါ။
ကလပ်ကမ္ဘာ့ဖလားဗိုလ်လုပွဲကို ဇူလိုင် ၁၄ ရက်မှာ ကျင်းပမှာဖြစ်ပြီး ပီအက်စ်ဂျီနဲ့ ချဲလ်ဆီးတို့ ယှဉ်ပြိုင်ကစားသွားမှာ ဖြစ်ပါတယ်။