
ခရိုအေးရှားနဲ့ ဘာစီလိုနာ ကွင်းလယ်ကစားသမားဟောင်း အိုင်ဗန် ရာကီတစ်ဟာ ကစားသမားဘဝကနေ အနားယူကြောင်း ကြေညာသွားပါတယ်။
အသက် ၃၇ နှစ်ရှိ ကွင်းလယ်လူဟာ မနှစ်က မွေးရပ်မြေကလပ် ဟိုက်ဒုခ်မှာ နောက်ဆုံးကစားခဲ့ပြီး ကစားသမားဘဝကနေ အနားယူဖို့ ဆုံးဖြတ်ခဲ့တာပါ။
ဆွစ်ဇာလန်ကလပ် ဘေဆယ်နဲ့ ကစားသမားဘဝ စတင်ခဲ့သူ ရာကီတစ်ဟာ ရှော်ကေး၊ ဆီဗီလာနဲ့ ဘာစီလိုနာအသင်းတွေအပြင် ဆော်ဒီကလပ် အယ်လ်ရှာဘတ်မှာလည်း ရာသီဝက် သွားရောက်ကစားခဲ့ပါသေးတယ်။
ဘာစီလိုနာနဲ့ ၆ နှစ်ကြာ ကစားခဲ့ပြီး လာလီဂါချန်ပီယံ ၄ ကြိမ်နဲ့ ဥရောပချန်ပီယံလိဂ်ဖလား တကြိမ် ရခဲ့သလို ဆီဗီလာနဲ့လည်း ယူရိုပါလိဂ်ဖလား ၂ ကြိမ် ရယူနိုင်ခဲ့ပါတယ်။
ခရိုအေးရှားအတွက် ၁၀၆ ပွဲ ကစားခဲ့ပြီး ၂၀၁၈ ကမ္ဘာ့ဖလားမှာ ဗိုလ်လုပွဲရောက်အောင် စွမ်းဆောင်နိုင်ခဲ့ပါတယ်။
Photo: Reuters