
အီတလီစီးရီးအေကလပ် နာပိုလီအသင်းဟာ လီဗာပူးတိုက်စစ်မှူး ဒါဝင်နူညက်ဇ်ကို ခေါ်ဖို့ နီးစပ် လာပါတယ်။
အီတလီချန်ပီယံအသင်းဟာ နူညက်ဇ်ကိုခေါ်ဖို့ ကစားသမားဖြစ်သူနဲ့ ဆွေးနွေးခဲ့ပြီး ပုဂ္ဂိုလ်ရေးဆိုင်ရာ သဘောတူညီမှု ရထားတယ်လို့ အီတလီသတင်းစာတွေ ဖော်ပြပါ။
ဒါပေမဲ့ လီဗာပူးအသင်းနဲ့ ပြောင်းရွှေ့ကြေး ညှိနှိုင်းရဦးမှာဖြစ်ပြီး အနည်းဆုံး ယူရိုသန်း ၄၀ ပေးချေဖို့ အသင့်ရှိနေတယ်လို့ သိရပါတယ်။
လီဗာပူးဘက်ကတော့ ၂၀၂၂ ခုနှစ်က ဘင်ဖီကာကနေ ယူရိုသန်း ၁၀၀ နီးပါးနဲ့ ခေါ်ယူခဲ့တဲ့ နူညက်ဇ်အတွက် ယူရိုသန်း ၆၀ လောက်ပြန်ရဖို့ အလိုရှိနေတာပါ။
ဥရုဂွေးတိုက်စစ်မှူး နူညက်ဇ်အနေနဲ့ နာပိုလီအသင်းဆီ ပြောင်းရွှေ့မယ်ဆိုရင် ပရီးမီးယားလိဂ် ကစားသမားဟောင်းတွေဖြစ်တဲ့ ကီဗင်ဒီဘရိုင်း၊ တွန်မီနေး၊ လူကာကူအစရှိသူတွေနဲ့ တသင်းထဲမှာ ကစားရမှာ ဖြစ်ပါတယ်။
Photo:Reuters