
၂၀၂၅ ယူရို အမျိုးသမီးဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအဖြစ် အိမ်ရှင်ဆွစ်ဇာလန်နဲ့ နော်ဝေအသင်းတို့ဟာ ဒေသစံတော်ချိန် ဇူလိုင် ၂ ရက် ဘာဆယ်မြို့ရှိ စိန့်ဂျက်ကော့ဘ်ပတ်ခ် အားကစားကွင်းမှာ ယှဉ်ပြိုင်ကြရတော့မှာပါ။
ဥရောပတဝန်း အပူချိန် မြင့်မားနေချိန် ကစားရမယ့် အုပ်စုပွဲစဉ်တွေရဲ့ အဖွင့်ပွဲမှာ အိမ်ရှင်အသင်း မန်နေဂျာဖြစ်သူ ပီရာဆွန်ဟော်ဂင်က သူ့အသင်း အောင်မြင်မှုရရှိလိမ့်မယ်လို့ ယုံကြည်ကြောင်း ပြောဆိုထားပါတယ်။
ဒါပေမဲ့ ဒီနှစ်သင်းဟာ ပြီးခဲ့တဲ့ နေးရှင်းလိဂ်မှာ တွေ့ဆုံခဲ့စဉ်က နော်ဝေအမျိုးသမီးအသင်းက အနိုင်ရရှိခဲ့ပါတယ်။
UEFA ကလည်း ဇူလိုင် ၂ ရက်နဲ့ ၃ ရက်နေ့တွေမှာ ပူပြင်းမယ့် ရာသီဥတုအခြေအနေကြောင့် ပွဲကြည့်သူတွေကို လီတာဝက် ပလတ်စတစ်ဘူး ဒါမှမဟုတ် အလူမီနီယမ်ရေဘူးတွေကို ပွဲကြည့်စဉ်ကို ယူဆောင်လာခွင့် ပြုထားကြောင်း ကြေညာထားပါတယ်။ ဒီလို ခြွင်းချက်ပြုခြင်းဟာ ယူရို ၂၀၂၅ ပွဲစဉ်တွေအတွက် ပထမဦးဆုံး ဖြစ်ပါတယ်။