
တောင်ပံကစားသမား အမ်ဘူမိုအတွက် သတ်မှတ်ဈေးနှုန်းပေးချေဖို့ မန်ယူအသင်းကို ဘရန့်ဖို့ဒ်အသင်းက သတိပေးသွားပါတယ်။
မန်ယူအသင်းဟာ ကင်းမရွန်းတောင်ပံကစားသမား အမ်ဘူမိုအတွက် ပေါင် ၅၅ သန်းနဲ့အတူ ထပ်ဆောင်းအပိုဆုကြေးတွေနဲ့ ကမ်းလှမ်းခဲ့ပေမဲ့ ပယ်ချခံခဲ့ရတာပါ။
ဘရန့်ဖို့ဒ်အသင်းဘက်က ဝုဗ်တိုက်စစ်ကစားသမား ကူညာအတွက် မန်ယူအသင်း ပေးချေခဲ့တဲ့ ပေါင် ၆၂ သန်းခွဲထက် ပိုမိုအလိုရှိနေတာပါ။
ပရီးမီးယားလိဂ် သွင်းဂိုး ၂၀ အထိ သွင်းယူနိုင်ခဲ့တဲ့ ကစားသမားအတွက် အကျိုးအမြတ် ပိုမိုရရှိဖို့ မျှော်လင့်ကြောင်း ဘရန့်ဖို့ဒ် ဘောလုံးဒါရိုက်တာ ဖီးလ်ဂဲလ်က ပြောပါတယ်။
အမ်ဘူမိုအတွက် ဆွေးနွေးနေတာ ရက်သတ္တပတ် ၂ ပတ်လောက် ကြာနေပြီဖြစ်ပြီး မိမိတို့လိုချင်တဲ့ အခြေအနေကိုလည်း တိတိကျကျ ပြောထားပြီးဖြစ်လို့ သတ်မှတ်ဈေးနှုန်းနဲ့ ကမ်းလှမ်းဖို့ လိုအပ်ကြောင်း ဘရန့်ဖို့ဒ် ဘောလုံးဒါရိုက်တာက ပြောပါတယ်။