လူ ၂၀၀ ကျော် လိုက်ပါလာသည့် အိန္ဒိယလေယာဉ် ပျက်ကျ
DVB
·
June 12, 2025

အိန္ဒိယနိုင်ငံအနောက်ပိုင်း၊ အာမက်ဒါဘက်မြို့ကနေ လန်ဒန်ကို ဇွန် ၁၂ ရက်က ဦးတည်ထွက်ခွာလာတဲ့ Air India လေကြောင်းလိုင်းက ခရီးသည်တင်လေယာဉ်တစင်းဟာ ပျံတက်ပြီး မကြာမီမှာ ပျက်ကျသွားတယ်လို့ သိရပါတယ်။
လူ ၂၄၂ ယောက် လိုက်ပါလာတဲ့ လေယာဉ်ဟာ လေဆိပ်အနီး လူနေအိမ်ခြေတွေရှိတဲ့နေရာကို ပျက်ကျသွားခဲ့ပါတယ်။
ပျံသန်းမှုအမှတ်စဉ် AI171 လေယာဉ်ဟာ ပျံတက်ပြီး စက္ကန့်ပိုင်းအကြာ ဒေသစံတော်ချိန်မနက် ၁၀ နာရီ ၈ မိနစ်၊ ၅၁ စက္ကန့်မှာ နောက်ဆုံးဆက်သွယ်မှုရရှိခဲ့တယ်လို့ Air India က ထုတ်ပြန်ပါတယ်။