
သြစတြေးလျနိုင်ငံက ကွမ်းတက်စ် လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေ မြင့်တက်လာတာ၊ လေဆိပ်အခကြေးငွေ ပိုမြင့်မားလာတာနဲ့ စရိတ်နည်း လေကြောင်းလိုင်းတွေအကြား ပြိုင်ဆိုင်မှု ပြင်းထန်လာတာတို့ကြောင့် သူရဲ့ တန်ဖိုးနည်းလေကြောင်းဖြစ်တဲ့ Jetstar Asia ကို ပိတ်ပစ်မယ်လို့ ဇွန် ၁၁ ရက်မှာ ပြောလိုက်ပါတယ်။
သြစတြေးလျနိုင်ငံက Jetstar Airways လေကြောင်းလိုင်းက ပြည်တွင်းမှာသုံးနေတဲ့ စရိတ်စကနဲ့ ငှားထားတဲ့ လေယာဉ်တွေကို အစားထိုးနိုင်မှု အပါအဝင် လေယာဉ် ၁၃ စင်းရဲ့ တန်ဖိုးအပေါ် အခြေခံပြီး ပင်မစီးပွားရေးလုပ်ငန်းတွေမှာ ပြန်သုံးဖို့ အမေရိကန်ဒေါ်လာ ၃၂၅ သန်း ဝန်းကျင်အထိ ထုတ်ပေးမယ်လို့ ကွမ်းတက်စ်က ပြောခဲ့ပါတယ်။
သက်တမ်း ၂၀ အရွယ် လေကြောင်းလိုင်းကို လာမယ့်လမှာ ပိတ်ပစ်ရင် အလုပ်အကိုင် ၅၀၀ အထိ ဆုံးရှုံးနိုင်တယ်လို့ ကွမ်းတက်စ်ရဲ့ ပြောရေးဆိုခွင့်ရှိသူတယောက်က ပြောပါတယ်။
Jetstar Asia လေကြောင်းလိုင်းက Airbus လေယာဉ် ၁၃ စင်းကို သြစတြေးလျနဲ့ နယူးဇီလန်ဆီ ပြန်နေရာချထားမှာလည်း ဖြစ်ပါတယ်။
Jetstar Asia လေကြောင်းလိုင်းဟာ ပေးသွင်းစရိတ်တွေ မြင့်တက်လာတာ၊ လေဆိပ်တွေမှာ ရပ်နားခ မြင့်တက်တာ၊ AirAsia နဲ့ Singapore Airlines ရဲ့ စကုထ် အပါအဝင် အရှေ့တောင်အာရှ စရိတ်နည်း လေကြောင်းလိုင်းတွေက ဒေသတွင်းပြိုင်ဆိုင်မှု မြင့်တက်လာတာတို့ကြောင့် အဆိုးဘက်သက်ရောက်တာ ခံနေရတာပါ။
ကွမ်းတက်စ်က Jetstar Asia ကို လွန်ခဲ့တဲ့ ဆယ်စုနှစ် နှစ်ခုကျော်က စတင်ခဲ့ပြီး တိုက်ကြီးအတွင်း ကုန်ကျစရိတ်သက်သာတဲ့ လေကြောင်းခရီးသွားလာမှု လိုအပ်ချက်တွေ တိုးလာတာကို ရင်းနှီးမတည်ဖို့ ကြိုးပမ်းခဲ့ပါတယ်။
Source: Reuters