
ကမ္ဘာ့ရွှေဈေး မြင့်တက်မှုကြောင့် ပြည်တွင်းအခေါက်ရွှေဈေးကျပ် ၇၇ သိန်းကျော်ထိ ဈေးတက်လာတယ်လို့ ရွှေဈေးကွက်အတွင်းက သိရပါတယ်။
ကမ္ဘာ့ရွှေဈေးကလည်း မေ ၃၀ ရက်က တအောင်စကို ၃၂၈၉ ဒေါ်လာ နဲ့ ဈေးပိတ်ခဲ့ပြီး ဒီကနေ့ ညနေပိုင်းမှာ တအောင်စကို ၃၃၄၉ ဒေါ်လာအထိ မြင့်တက် ရောက်ရှိလာတာပါ။
ကမ္ဘာရွှေဈေးက ရက်ပိုင်းအတွင်း တအောင်စကို ၅၉ ဒေါ်လာ၊ ရာခိုင်နှုန်းအနေနဲ့ ၂ ရာခိုင်နှုန်း နီးပါးထိ ဈေးခုန်တက်လာပါတယ်။
အခုလို ကမ္ဘာရွှေဈေး တအောင်စကို အမေရိကန် ဒေါ်လာ ၃၃၄၀ အထက် ဈေးတန်း ရောက်ရှိနေချိန် ရန်ကုန်တိုင်း ဒေသကြီး ရွှေလုပ်ငန်းရှင်များအသင်းက ဓာတ်သတ္တု (ရွှေ) ရည်ညွှန်းစျေးကို ၅,၇၇၀,၀၀၀ ကျပ် သတ်မှတ်ထားပါတယ်။
အမေရိကန် ဒေါ်လာနဲ့ မြန်မာကျပ်ငွေ လဲလှယ်နှုန်းကတော့ ဒီကနေ့ ဇွန် ၂ ရက်နေ့မှာ ၄၃၆၀ ကနေ ၄၄၆၀ ကြား အရောင်းအဝယ်ဖြစ်နေပြီး အနည်းငယ် ပြန်တက်ရိပ်ပြနေပါတယ်။