
ဂရိကျွန်းအနီးရှိ ပင်လယ်ပြင်မှာ ရစ်ခ်ျတာစကေး ၆ ဒသမ ၁ အဆင့်ရှိ ငလျင်လှုပ်ခတ်ပြီးနောက် မေ ၂၂ ရက်က ကရိ(တ်)ကျွန်းပေါ်မှာ အရေးပေါ်ဝန်ဆောင်မှုအဖွဲ့တွေ တပ်လှန့်ထားပြီး တူရကီနဲ့ အစ္စရေးနိုင်ငံတဝန်းမှာလည်း ငလျင်လှုပ်ခတ်မှုကို ခံစားခဲ့ကြရပါတယ်။
CCTV မှတ်တမ်းတွေအရ မုန့်ဆိုင်တခု တုန်ခါနေပြီး ပစ္စည်းတွေ မြေပြင်ပေါ်ကို ပြုတ်ကျနေတာကို တွေ့ရပါတယ်။
အခုချိန်အထိ အကူအညီတောင်းခံမှု တစုံတရာ မရရှိသေးသလို ကြီးလေးတဲ့ အိုးအိမ်ပျက်စီးမှု သတင်းပေးပို့တာ မရှိသေးကြောင်း မီးသတ်တပ်ဖွဲ့က ပြောပါတယ်။
ဂရိနိုင်ငံဟာ ဥရောပရဲ့ ငလျင်လှုပ်ခတ်မှုအများဆုံး နိုင်ငံတနိုင်ငံဖြစ်ပြီး မကြုံစဘူး ငလျင်လှုပ်ခတ်မှု ပြင်းအားအဆင့်ကြောင့် အခုနှစ်အစောပိုင်း သီတင်းပတ်တွေအတွင်း လူကြိုက်များနေတဲ့ ဆန်တိုရီနီ ခရီးသွားကျွန်းစုကိုလည်း လှုပ်ခါသွားခဲ့ပြီး လူထောင်ပေါင်းများစွာကို ဘေးလွတ်ရာ ရွှေ့ပြောင်းခိုင်းခဲ့ရကာ စာသင်ကျောင်းတွေ ပိတ်ပစ်ခဲ့ရပါတယ်။
Source: Reuters