Home
မြန်မာသတင်း
မြိတ်မြို့တွင် လုယက်မှုများ ဆက်တိုက်ဖြစ်နေ
DVB
·
May 21, 2025

တနင်္သာရီတိုင်း၊ မြိတ်မြို့မှာ မေ ၂၀ ရက် ညပိုင်းလောက်က လုယက်မှု ၃ ကြိမ်ဆက်တိုက် ဖြစ်ပွားခဲ့တယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေနဲ့ မြို့ခံတွေက ပြောပါတယ်။

မြိတ်မြို့၊ ပါရမီဈေးအနီးနားဝန်းကျင်မှာ ည ၇ နာရီဝန်းကျင်လောက်က အမျိုးသမီး ၂ ယောက် ဆိုင်ကယ်စီးနေချိန် လုယက်မှုနဲ့ ကြုံတွေ့ခဲ့ရတယ်လို့ ကိုယ်တိုင်ကြုံတွေ့သူတွေက ပြောပါတယ်။

ကိုယ်တိုင်ကြုံတွေ့သူတယောက်က “ကျမတို့ ဆိုင်ကယ်စီးနေချိန်မှာ လူတယောက် ဆိုင်ကယ်တစီးနဲ့ ကပ်လာပြီး ပိုက်ဆံအိတ်လာလုတယ်။ ပါတော့မပါသွားဘူး။ ကျမလိုမျိုး နောက်ထပ် နှစ်ယောက်လည်း ကြုံလိုက်ရသေးတယ်” လို့ ပြောပါတယ်။

ဒါ့အပြင် အဲဒီအချိန်ဝန်းကျင် အဲဒီနေရာမှာပဲ အမျိုးသားတယောက် လက်ကိုင်အိတ်လုခံရပြီး နောက် အမျိုးသမီးတယောက်လည်း လက်ကိုင်အိတ် ထပ်မံလုခံရတယ်လို့ မြို့ခံတွေက ပြောပါတယ်။

လုယက်မှုနဲ့ ကြုံတွေ့ရသူတွေဖြစ်တဲ့ အမျိုးသားမှာ Vivo Y16 ဖုန်းတလုံးနဲ့ ပိုက်ဆံ ၂ သိန်း ပါသွားပြီး အမျိုးသမီးမှာတော့ ဖုန်းတလုံးနဲ့ ပိုက်ဆံ ၂ သိန်းကျော် ပါသွားတယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

လုယက်သူမှာ အင်္ကျီအမဲရောင် ဝတ်ဆင်ထားပြီး ဆိုင်ကယ်ဦးထုပ် ဆောင်းထားကာ Honda Wave ဆိုင်ကယ်အမျိုးအစား စီးထားတယ်လို့ ကိုယ်တိုင်ကြုံတွေ့ရသူတယောက်က ပြောပါတယ်။

မြိတ်မြို့မှာ မေလအတွင်း လုယက်မှုတွေ ခပ်စိတ်စိတ်ဖြစ်လာပြီး မြို့ခံတွေအနေနဲ့ အပြင်သွားလာဖို့အတွက် စိုးရိမ်မှုတွေနဲ့ ရင်ဆိုင်နေရတယ်လို့ ပြောပါတယ်။

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024