
ယူကရိန်းနဲ့ ရုရှားတိုက်ရိုက်ဆွေးနွေးပွဲမှာ စစ်သုံ့ပန်း ၁၀၀၀ စီ လဲလှယ်ရေးအတွက် သဘောတူ ခဲ့ပါတယ်။
၁၉၄၅ ခုနှစ်ကတည်းက ဥရောပရဲ့ လူသေဆုံးမှုအများဆုံး စစ်ပွဲဖြစ်တဲ့ ရုရှား-ယူကရိန်းစစ်ဟာ ၃ နှစ် ကျော်လာပြီဖြစ်ပြီဖြစ်ပါတယ်။
ဒါဟာ ၂၀၂၂ မတ်လကတည်းက ရုရှားနဲ့ ယူကရိန်းကိုယ်စားလှယ်တွေ မျက်နှာချင်းဆိုင် တွေ့ဆုံခဲ့တဲ့ ပထမဆုံးဆွေးနွေးမှုလည်း ဖြစ်ပါတယ်။
ဒီဆွေးနွေးပွဲမှာ ၂ နိုင်ငံလက်ဆွဲနှုတ်ဆက်တာမျိုး မရှိသလို ယူကရိန်းကိုယ်စားလှယ်တွေက စစ်ဝတ်စုံတွေနဲ့ တက်ရောက်ခဲ့တာတွေ့ရပါတယ်။
အဲ့ဒီဆွေးနွေးပွဲမှာ တူရကီနိုင်ငံခြားရေးဝန်ကြီးက လမ်း ၂ သွယ်ရှိကြောင်း ကိုယ်စားလှယ်တွေကို ပြောခဲ့ပါတယ်။
၁ လမ်းက ငြိမ်းချမ်းတဲ့လမ်းဖြစ်ပြီး နောက် ၁ လမ်းက လူတွေပိုပြီးသေဆုံးမှုနဲ့ ပျက်စီးဆုံးရှုံးမှုတွေ ဖြစ်တဲ့အကြောင်း ပြောခဲ့တာပါ။
ဒီဆွေးနွေးပွဲဟာ ၂ နာရီမပြည့်ခဲ့သလို ရုရှားက လက်ခံနိုင်ဖွယ် မရှိတဲ့တောင်းဆိုမှုအသစ်ကို တောင်းဆိုခဲ့တယ်လို့ ယူကရိန်းတာဝန်ရှိသူတွေက ပြောပါတယ်။ ဒီတောင်းဆိုမှုမှာ ယူကရိန်းတပ် တွေ ပြန်ဆုတ်ခွာပေးဖို့ ပါရှိတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲမှာ ငြိမ်းချမ်းရေးအတွက် မအောင်မြင်ပေမဲ့ စစ်သုံ့ပန်း ၁၀၀၀ စီ အပြန်အလှန် လဲလှယ်ဖို့ သဘောတူခဲ့ပါတယ်။
အကျဉ်းသားလဲလှယ်မှုကို မကြာမီပြုလုပ်မှာဖြစ်ပေမဲ့ ရက်အတိကျတော့ ထုတ်ပြန်ထားတာမျိုး မရှိသေးပါဘူး။ နောက်တဆင့်မှာ ပူတင်နဲ့ ဇလန်းစကီးတို့ တွေ့သင့်တယ်လို့ ယူကရိန်းကာကွယ်ရေးဝန်ကြီးက ပြောပါတယ်။
Source:Reuters