
အမေရိကန်သမ္မတ အိမ်ဖြူတော်က ထုတ်ပြန်တဲ့ ၂၀၂၆ ဘဏ္ဍာရေးနှစ်အတွက် အဆိုပြု ဘတ်ဂျက်မှာ ကာကွယ်ရေးမဟုတ်တဲ့ အသုံးစရိတ် ၂၃ ရာခိုင်နှုန်းလျှော့ချခဲ့ပြီး ကာကွယ်ရေးရန်ပုံငွေ ၁၃ ရာခိုင်နှုန်းတိုးမြှင့်ထားပါတယ်။
အဆိုပြုထားတဲ့ စုစုပေါင်း ဘတ်ဂျက် ဒေါ်လာ ၁ ဒသမ ၇ ထရီလီယံ ဖြစ်ကာ ပြီးခဲ့တဲ့ နှစ်ကနဲ့ ယှဉ်ရင် ၇ ဒသမ ၆ ရာခိုင်နှုန်းနည်းတယ်လို့ အိမ်ဖြူတော် စီမံခန့်ခွဲမှုနဲ့ ဘတ်ဂျက်အဖွဲ့ရဲ့ အဆိုအရ သိရပါတယ်။
ကာကွယ်ရေးမဟုတ်တဲ့ အသုံးစရိတ် ဒေါ်လာ ၁၆၃ ဘီလီယံရှိမှာဖြစ်ပြီး ၂၀၁၇ ခုနှစ်ကတည်းက အနိမ့်ဆုံးဖြစ်ပါတယ်။
အသုံးစရိတ် လျှော့ချခံရတဲ့ ဌာနတွေက အိမ်ယာနဲ့မြို့ပြဖွံ့ဖြိုးမှု၊ ပညာရေး၊ ကျန်းမာရေးနဲ့ သမုဒ္ဒရာနဲ့ လေထုအုပ်ချုပ်ရေးဌာနတွေ ပါဝင်ပါတယ်။
အိမ်ဖြူတော်ရဲ့ ထုတ်ပြန်ချက်မှာ ကာကွယ်ရေးအသုံးစရိတ် ၁၃ ရာခိုင်နှုန်းတိုးမြှင့်ထားတာက ဒေါ်လာ ၁ ထရီလီယံ ကျော်ရှိတာကြောင့် အမေရိကန်သမိုင်း တလျှောက်အများဆုံး ဖြစ်လာပါတယ်။ ဒါ့အပြင် အမိမြေလုံခြုံရေးဌာနအတွက် ဘတ်ဂျက်အသုံးပြုမှု ၆၅ ရာခိုင်နှုန်း တိုးမြှင့်ထားပါတယ်။
Source: Reuters