Home
နိုင်ငံတကာ
၃ ရက်ကြာ အပစ်ရပ် ပူတင် ကြေညာ
DVB
·
April 29, 2025
Photo: Sputnik/Mikhail Metzel/Pool via REUTERS

ရုရှားသမ္မတ ဗလာဒီမာပူတင်က မေလ ၈ ရက် ညသန်းခေါင်ကစပြီး ၃ ရက်ကြာ အပစ်အခတ် ရပ်စဲကြောင်း ဧပြီ ၂၈ ရက်မှာ ကြေညာပါတယ်။

မေ ၉ ရက်မှာ ကျရောက်တဲ့ ရုရှားရဲ့ အောင်ပွဲနေ့ နှစ် ၈၀ ပြည့် အထိမ်းအမှတ်အဖြစ် ပစ်ခတ်တိုက်ခိုက်မှုတွေ အပြည့်အဝရပ်တန့်ဖို့ ပူတင်က အမိန့်ပေးထားတယ်လို့ ကရင်မလင် နန်းတော်က ကြေညာခဲ့တာပါ။

အပစ်အခတ်ရပ်စဲရေးမှာ ပူးပေါင်းပါဝင်ဖို့ ယူကရိန်းကို ရုရှားက တောင်းဆိုခဲ့ပြီး ယူကရိန်းက အပစ်အခတ်ရပ်စဲရေးကို ချိုးဖောက်ရင်တော့ ရုရှားတပ်ဖွဲ့ဝင်တွေက လုံလောက်ပြီး ထိရောက်တဲ့ တုံ့ပြန်မှုတွေ ပေးမယ်လို့ ကရင်မလင်က ပြောပါတယ်။

ယူကရိန်းအကျပ်အတည်းရဲ့ မူလဇာစ်မြစ်ကို ဖြေရှင်းဖို့နဲ့ နိုင်ငံတကာလုပ်ဖော်ကိုင်ဖက်တွေနဲ့ အပြုသဘော ဆက်ဆံဖို့ ရုရှားက “ကြိုတင်သတ်မှတ်ချက်မရှိဘဲ ငြိမ်းချမ်းရေး ဆွေးနွေးပွဲအတွက် အဆင်သင့်ဖြစ်နေတယ်ဆိုတာ ထပ်ကြေညာတယ်လို့ ကရင်မလင်က မှတ်ချက်ပြုပြောပါတယ်။

ရုရှားရဲ့ အပစ်အခတ်ရပ်စဲရေး ဆုံးဖြတ်ချက်ကို တုံ့ပြန်တဲ့အနေနဲ့  ယူကရိန်း နိုင်ငံခြားရေးဝန်ကြီး အန်ဒရေ စီဘီဟာက ရုရှားက အမှန်တကယ် ငြိမ်းချမ်းရေးကို လိုလားရင် အပစ်အခတ် ရပ်စဲရေး ချက်ချင်းရပ်သင့်ပြီး မေလ ၈ ရက်အထိ မစောင့်ဆိုင်းသင့်ဘူးလို့ ဆိုရှယ်မီဒီယာ X မှာ ရေးခဲ့ပါတယ်။

ယူကရိန်းဟာ အနည်းဆုံး ရက် ၃၀ ကြာမယ့် ရေရှည်တည်တံ့ခိုင်မြဲပြီး ကျယ်ပြန့်တဲ့ အပစ်အခတ်ရပ်စဲရေးကို ထောက်ခံဖို့ ပြင်ဆင်ထားတယ်လို့ စီဘီဟာက ပြောပါတယ်။

Source: Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024