
တရုတ်နိုင်ငံ အရှေ့ပိုင်း၊ ရှန်တုံးပြည်နယ်၊ ဝေဖှုန်းမြို့မှာ နှစ်စဉ်ကျင်းပတဲ့ ၄၂ ကြိမ်မြောက် ဝေဖှုန်း နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို ဧပြီ ၁၉ ရက်က ဖွင့်လှစ်ခဲ့ပါတယ်။
စွန်ရဲပျံကွင်းထဲမှာ ပုံစံအမျိုးမျိုးရှိတဲ့ ရောင်စုံစွန်တွေ ခင်းကျင်းထားပြီး ကောင်းကင်ယံမှာလည်း ကြည့်ရှုသူတွေရဲ့ အမြင်အာရုံကို ဖမ်းစားတဲ့ ဧည့်ခံပွဲအဖြစ် ကမ်းလှမ်းထားပါတယ်။
အခုနှစ်ပွဲတော်မှာ စွန်ပြိုင်ပွဲတွေ၊ ယဉ်ကျေးမှုပြပွဲတွေ၊ အားကစားပြိုင်ပွဲတွေ၊ ခရီးသွားလုပ်ငန်း မြှင့်တင်ရေးနဲ့ စီးပွားရေးဖလှယ်မှုတွေ အပါအဝင် ပွဲပေါင်း ၅၆ ခုကို တိုးချဲ့ပြသထားပါတယ်။
စွန်လွှတ်ပြိုင်ပွဲမှာ နိုင်ငံတွေနဲ့ ဒေသတွေ စုစုပေါင်း ၅၁ နေရာက အသင်းပေါင်း ၂၅၇ သင်း ပါဝင်ယှဉ်ပြိုင်မှာ ဖြစ်ပါတယ်။
“ကမ္ဘာ့ စွန်ရဲမြို့တော်” လို့ လူသိများတဲ့ ဝေဖှုန်းမြို့ဟာ စွန်ရဲလုပ်တဲ့ ရှည်လျားတဲ့ သမိုင်းကြောင်းရှိပြီး လက်ရာမြောက်တဲ့ စွန်တွေရဲ့ မွေးရပ်မြေလည်း ဖြစ်ပါတယ်။
၁၉၈၄ ခုနှစ်ကတည်းက ဝေဖှုန်း နိုင်ငံတကာ စွန်လွှတ်ပွဲတော်ကို ကျင်းပရာမြို့လည်း ဖြစ်ပါတယ်။
Source : Reuters