
ရီးရဲလ်မက်ဒရစ်အသင်းအနေနဲ့ လက်ကျန်ဆုဖလားတွေမှာ ရအောင်ယူဖို့ အာရုံစိုက်ထားကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
ရီးရဲလ်နည်းပြရာထူး အပြောင်းအလဲဖြစ်လာနိုင်ကြောင်း သုံးသပ်မှုတွေ ထွက်ပေါ်လာချိန်မှာ နည်းပြအန်စလော့တီက ပြန်လည်တုံ့ပြန်ခဲ့တာပါ။
ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ထွက်ခွာခဲ့ရပြီးနောက်မှာ အသင်းသားတွေ၊ ကလပ်တာဝန်ရှိသူတွေ အားလုံးနဲ့ ဆွေးနွေးညှိနှိုင်းခဲ့ပြီး အားလုံးက လက်ကျန်ပြိုင်ပွဲတွေမှာ ဆုဖလားရယူဖို့ တစုတစည်းတည်း ဆုံးဖြတ်ခဲ့ကြောင်း နည်းပြအန်စလော့တီက ပြောပါတယ်။
ကိုပါဒယ်ရေးဖလား ဗိုလ်လုပွဲကစားရဦးမှာဖြစ်သလို ဖီဖာကလပ် ကမ္ဘာ့ဖလားပြိုင်ပွဲလည်း ရှိသေးတာကြောင့် အဲဒီပြိုင်ပွဲနှစ်ရပ်မှာ ချန်ပီယံဖြစ်ဖို့ တိုက်ပွဲဝင်သွားမှာဖြစ်ကြောင်း နည်းပြအန်စလော့တီက ပြောသွားပါတယ်။