
တနင်္သာရီတိုင်း၊ မြိတ်အကျဥ်းထောင်မှ အကျဥ်းသား ၁၇ ယောက် လွတ်မြောက်လာပြီး နိုင်ငံရေး အကျဥ်းသား ၂ ယောက် ပါဝင်တယ်လို့ အကျဥ်းသားမိသာစုဝင်တွေထံက သိရပါတယ်။
မြန်မာနှစ်ဆန်းတရက်နေ့မှာ စစ်ကောင်စီက လွတ်ငြိမ်းခွင့်ပြုလိုက်ပြီး မြိတ်အကျဥ်းထောင်မှ အကျဥ်းသား ၁၄ ယောက်နဲ့ အကျဥ်းသူ ၃ ယောက် စုစုပေါင်း ၁၇ ယောက် လွတ်မြောက်လာတယ်လို့ ဆိုပါတယ်။
ပြန်လွတ်လာတဲ့အထဲမှာ နိုင်ငံရေးအကျဉ်းသား သူရအောင်နဲ့ နိုင်ငံရေးအကျဥ်းသူ ဝေဝေချစ်တို့ ပါဝင်တယ်လို့ အကျဉ်းသားဟောင်းတယောက်က ပြောပါတယ်။
မြိတ်ထောင်မှ လွတ်မြောက်လာတဲ့အကျဥ်းသားတွေက လွတ်နီးအကျဥ်းသားတွေဖြစ်ကြပြီး စစ်ကောင်စီက အဆိုပါလွတ်ငြိမ်းမှာ လက်ကျန်ပစ်ဒဏ်ရဲ့ ၆ ပုံတ ပုံ ပြစ်ဒဏ်လျော့ပေါ့ပေးခဲ့တယ်လို့ လွတ်မြောက်လာတဲ့အကျဥ်းသားတွေက ပြောပါတယ်။
စစ်ကောင်စီက မြန်မာနိုင်ငံတဝန်းလုံးရှိ အကျဥ်းထောင်တွေမှ အကျဥ်းသား၊ အကျဥ်းသူ ၄၈၃၉ ဦးကို ခံဝန်လက်မှတ်ထိုးခိုင်းပြီး ပြစ်ဒဏ်လွတ်ငြိမ်းပေးခဲ့ပါတယ်။