
အိန္ဒိယနိုင်ငံရဲ့ အတိုက်အခံ ကွန်ဂရက်ပါတီဝင်တွေဟာ ပါတီခေါင်းဆောင် ရာဟူးလ် ဂန္ဒီနဲ့ သူ့မိခင် ဆိုနီယာဂန္ဒီ တို့အပေါ် တရားစွဲဆိုထားမှုနဲ့ ပတ်သက်ပြီး ဧပြီ ၁၆ ရက်က ဆန္ဒပြခဲ့ကြပါတယ်။
ဆန္ဒပြသူတွေက ပါတီအလံတွေနဲ့ လက်ကိုင်ပိုစတာတွေကို ကိုင်ဆောင်ရင်း လမ်းတွေပေါ် တက်လာခဲ့ကြပါတယ်။
ဝန်ကြီးချုပ် နာရန်ဒြာမိုဒီရဲ့ အာဏာရှင်စနစ်ဆိုတဲ့ ကြွေးကြော်သံတွေ ကြွေးကြော်ရင်း တိုင်းပြည်ရဲ့ ဒီမိုကရေစီကို အကာအကွယ်ပေးဖို့ တောင်းဆိုခဲ့ကြပါတယ်။
အမျိုးသား သံတော်ဆင့်သတင်းစာကို ထုတ်ဝေတဲ့ ကုမ္ပဏီပိုင် ဒေါ်လာ သန်း ၃၀၀ တန် ပိုင်ဆိုင်မှုကို တရားမ၀င်သိမ်းယူဖို့ ဂန္ဒီက ဟန်ပြကုမ္ပဏီတခု တည်ထောင်တယ်ဆိုတဲ့ စွပ်စွဲချက်နဲ့ ပတ်သက်တဲ့ စုံစမ်းစစ်ဆေးမှု တွေ့ရှိချက်တွေကို ဘဏ္ဍာရေး ရာဇ၀တ်မှုဆိုင်ရာ အေဂျင်စီ (ED) က နယူးဒေလီတရားရုံးကို ဧပြီ ၁၅ ရက်မှာ တင်ပြခဲ့ပါတယ်။
ဂန္ဒီအပေါ် စွဲချက်တင်တာဟာ နိုင်ငံရေးအရ လှုံ့ဆော်မှုဖြစ်တယ်လို့ ကွန်ဂရက်ပါတီက အင်္ဂါနေ့ကတည်းက ထပ်လောင်းပြောဆိုခဲ့ပါတယ်။
အမျိုးသား သံတော်ဆင့် သတင်းစာကို အိန္ဒိယရဲ့ ပထမဆုံး ၀န်ကြီးချုပ် ဂျဝါဟလာ နေရူးက ၁၉၃၇ ခုနှစ်မှာ တည်ထောင်ခဲ့တာပါ။
ကွန်ဂရက်ပါတီကို သူ့ရဲ့ သားမြေးတွေက ဆယ်စုနှစ်များစွာ ဦးဆောင်ခဲ့ပြီး လက်ရှိ ပါတီခေါင်းဆောင် ရာဟူးလ် ဂန္ဒီက နေရူးရဲ့မြေး ဖြစ်ပါတယ်။
Source : Reuters