
မြန်မာ့ငလျင်ဘေးအတွက် နိုင်ငံတကာရောက်မြန်မာတွေ ကောက်ခံနေတဲ့ ရန်ပုံငွေ အချိန် ၂ ပတ်အတွင်းမှာ ဒေါ်လာ ၂၀,၀၀၀ ပြည့်ရင် အမေရိကန်အခြေစိုက် Hissho Sushi Franchise ကုမ္ပဏီက ဒေါ်လာ ၂၀,၀၀၀ ထပ်ပေါင်းလှူဒါန်းပေးမယ်လို့ ကြေညာထားပါတယ်။
ငလျင်ဘေးကူညီကယ်ဆယ်ရေး ရန်ပုံငွေအဖြစ် ဧပြီ ၈ ရက်ကနေ ၂၂ ရက်အထိ Gofundme ကတဆင့် အလှူငွေကောက်ခံနေတာဖြစ်ပြီး စတင်အလှူခံတဲ့ရက်ကနေ ၅ ရက်အတွင်းမှာဒေါ်လာ ၁၄,၀၀၀ နီးပါး ရရှိထားပါတယ်။
ရန်ပုံငွေရှာဖွေရေးအဖွဲ့ဝင် ဒေါက်တာထွန်းဝေက “ရန်ပုံငွေ ဆတိုးနဲ့ရမှာဖြစ်တဲ့အတွက် အားလုံးဝိုင်းဝန်းပါဝင်ကူညီကြဖို့ မေတ္တာရပ်ခံပါတယ်” လို့ ပြောပါတယ်။
အမေရိကန်ရောက် မြန်မာပြည်ဖွားတချို့ ဦးဆောင်ပြီး ငလျင်ဘေးကူညီကယ်ဆယ်ရေးအတွက် Gofundme ကတဆင့် ရန်ပုံတွေရှာတဲ့အစီအစဉ်ကို စတင်ခဲ့တာဖြစ်ပြီး မြေပြင်မှာ တကယ်လိုအပ်နေတဲ့သူတွေဆီကို အကူအညီတွေ တိုက်ရိုက်ရောက်အောင် ဆောင်ရွက်သွားမယ်လို့ ပြောဆိုထားပါတယ်။