Home
မြန်မာသတင်း
ကျန်းမာရေးစနစ် မနိုင်ခြင်းကြောင့် ငလျင်ဘေးသင့်သူများ အန္တရာယ်ပိုများလာဟု ကုလသတိပေး
DVB
·
April 9, 2025

မြန်မာနိုင်ငံမှာ ငလျင်ဘေးသင့် ဒေသခံတွေဟာ ကျန်းမာရေးစောင့်ရှောက်မှု မနိုင်တော့တဲ့အတွက် ကျန်းမာရေးအန္တရာယ်တွေနဲ့ ရင်ဆိုင်နေရကြောင်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ကိုယ်စားလှယ် တီတန်မီထရာက သတိပေးထားပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေအတွက် ရေပြဿနာ၊ ခိုလှုံရာပြဿနာ၊ ကျန်းမာရေးပြဿနာ၊ စားနပ်ရိက္ခာပြဿနာ စတဲ့ ပြဿနာတွေ အများအပြားနဲ့ ရင်ဆိုင်နေရတာပါ။

မြန်မာနိုင်ငံ အလယ်ပိုင်းမှာ ပြင်းအား ၇ ဒသမ ၇ ရစ်ချ်တာစကေးရှိ ငလျင်လှုပ်ခတ်ခဲ့ပြီးနောက် အဆောက်အအုံတွေ၊ တံတားတွေ ကျိုးကျပျက်စီးခဲ့ပြီး အဆောက်အအုံ ၈၀ ရာခိုင်နှုန်းကျော် ပျက်စီးခဲ့တာ ဖြစ်ပါတယ်။

ကုလသမဂ္ဂက ငလျင်ကြောင့် သေဆုံးသူ ၃,၅၀၀ ကျော်ပြီး လူ ၄,၀၀၀ ကျော် ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။

ငလျင်ဘေးမှာ ကျန်ရစ်တဲ့သူတွေကို ကယ်ဆယ်မှုကနေ ပြန်လည်ထူထောင်ရေးအဖြစ် ဆောင်ရွက်ရမှာဖြစ်ပြီး “ကြေကွဲစရာအဖြစ်” ကို ပြောင်းလဲသွားတယ်လို့ တီတန်မီထရာက ပြောပါတယ်။

ငလျင်ကြောင့် မြန်မာနိုင်ငံအလယ်ပိုင်းမှာရှိတဲ့ စစ်ကိုင်း၊ မန္တလေး၊ မကွေးမြို့တို့ ထိခိုက်ခဲ့တာ ဖြစ်ပါတယ်။

“ဆေးရုံတွေက လူနာတွေ များလွန်းလို့ လူစုံအောင်တောင် မကြည့်ပေးနိုင်တော့ပါဘူး။ ကျန်းမာရေးစနစ်က လုံးဝမထိန်းနိုင်တော့ပါဘူး” လို့ မီထရာက ပြောပါတယ်။

ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA) ရဲ့ ဖော်ပြချက်အရ နိုင်ငံတဝန်း လူ ၅၀၀,၀၀၀ ဟာ အသက်ဘေးအတွက် ကျန်းမာရေးစောင့်ရှောက်မှု မရှိကြောင်း သိရပါတယ်။

ငလျင်ဘေးသင့်နေရာတွေမှာ ရေအရင်းအမြစ်ပစ္စည်းတွေ ပျက်စီးခဲ့သလို ရေသိုလှောင်တဲ့ ရေစည်တွေလည်း ပျက်စီးခဲ့တာကြောင့် ရေကြောင့်ဖြစ်တဲ့ ကူးစက်ရောဂါတွေ ဖြစ်မှာကို စိုးရိမ်နေရတယ်လို့ မီထရာက ပြောပါတယ်။

“မိလ္လာစနစ်မရှိတာက အခုအချိန်မှာ လူတွေအတွက် ကြီးမားတဲ့ ပြဿနာတခု ဖြစ်နေပါတယ်။ အိမ်တွေ မရှိတော့တာကြောင့် အများသုံး အိမ်သာတွေကိုပဲ အသုံးပြုနေရပါတယ်။” 

ပြီးခဲ့တဲ့နေ့တွေက မန္တလေးမြို့မှာ မိုးရွာခဲ့ပြီး မိုးရာသီစောစောရောက်တာကလည်း အိမ်တွေ ဆုံးရှုံးထားတဲ့ ငလျင်ဘေးသင့် ဒေသခံတွေအတွက် အဓိကလိုအပ်ချက်က နားခိုရရာဖြစ်တဲ့ နေရေးထိုင်ရေး ပိုပြီးခက်ခဲမယ်လို့ ဆိုပါတယ်။

ငလျင်ဘေးသင့် ပြည်သူတွေဟာ ပျက်စီးနေတဲ့ အိမ်တွေကို ပြန်ဖို့ ကြောက်ရွံ့မှုတွေ ရှိနေကာ လမ်းမပေါ်မှာပဲ အိပ်စက်နေရတဲ့အကြောင်း သတင်းထောက်တွေကို ဗွီဒီယိုအင်တာဗျူးတခုမှာ ပြောဆိုထားပါတယ်။

ဒါ့အပြင် စစ်ကိုင်းနဲ့ မကွေးမှာ စားသောက်ကုန်ဈေးနှုန်းတွေလည်း အရမ်းမြင့်နေပါတယ်။ ဒေသခံတွေဟာ ဝင်ငွေမရှိသလို ကုန်ဈေးနှုန်းကြီးမြင့်မှုဒဏ်ကိုပါ ခံစားနေရပါတယ်။

ကုလသမဂ္ဂက ငလျင်ဘေးသင့်ဒေသတွေကို ကူညီဖို့ စည်းရုံးလှုံဆော်မှုနဲ့ ကနဦး အကူအညီတွေ ပေးခဲ့ပါတယ်။

ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ဟာ ငလျင်ဒဏ်ခံခဲ့ရတဲ့ အဆောက်အအုံတွေရဲ့ ကြံ့ခိုင်မှုကို စစ်ဆေးပြီး နေထိုင်ဖို့ သင့်မသင့်လည်း ဆုံးဖြတ်ပေးပါတယ်။

စစ်ကိုင်းတိုင်းမှာဆိုရင် ဆေးရုံပေါ်မှာ ဆေးကုသခွင့်ရဖို့ မသေချာတာကြောင့် ကားပါကင် အပူချိန် ၄၀ ဒီဂရီစင်တီဂရိတ် ရှိတဲ့နေရာမှာ လူနာတွေ နေထိုင်နေရပါတယ်။

“ပြည်တွင်းမှာလည်း စစ်ဖြစ်နေလို့ စစ်တပ်က ညှိနှိုင်းပေးမှသာ တော်လှန်ရေးအဖွဲ့တွေ ထိန်းချုပ်ထားတဲ့ နေရာတွေက လူတွေကို ကူညီနိုင်မှာပါ” လို့ မီထရာက ပြောပါတယ်။

မြန်မာနိုင်ငံဟာ စစ်တပ်က အာဏာသိမ်းထားတာကြောင့် ပြည်တွင်းမှာ တိုက်ပွဲတွေ ဖြစ်ပွားနေပြီး ပြည်သူတွေဟာ ၄ နှစ်ကျော်ကြာ အခက်အခဲတွေနဲ့ ရင်ဆိုင်နေရတာကိုလည်း မီထရာက ထည့်သွင်း ပြောဆိုခဲ့ပါသေးတယ်။

စစ်ပွဲတွေကြောင့် နိုင်ငံရဲ့ စပါးစိုက်ပျိုးတဲ့ လယ်ကွင်း ၂၀ ရာခိုင်နှုန်းလောက် ပျက်စီးခဲ့ပါတယ်။

ဒါ့အပြင် လူ ၃ ဒသမ ၅ သန်းကျော်ဟာ အိမ်တွေကို စွန့်ခွာထွက်ပြေးနေရပြီး လူ ၁၅ သန်းကျော်က ငတ်မွတ်မယ့်အရေးနဲ့ ရင်ဆိုင်နေရကာ ၁၉ ဒသမ ၉ သန်းက အကူအညီတွေ လိုအပ်နေပါတယ်။

Source : Reuters

Live

About DVB

The Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB was founded in 1992 and is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2024